Tuesday, November 19, 2013

မြားပစ်မယ်အောင်ငှိမ်း ဆီးဂိမ်းအပြီးတွင် အားကစားသမားဘ၀မှ အပြီးနားမည်

ရဲရင့်ဌေး

မြန်မာ့လက်ရွေးစင် မြားပစ်မယ် အောင်ငှိမ်းက မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့်၂၀၁၃ ဆီးဂိမ်း အပြီးတွင် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်း မဇ္ဈိမသို့ အတည် ပြုပြောကြားသည်။

အောင်ငှိမ်းမှာ ပြီးခဲ့သည့် အင်ဒိုဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ရယူ ပေးနိုင်ခဲ့သည့် ကစားသမားဖြစ်ပြီး တစ်ဦးချင်းနှင့် အသင်းလိုက် ရွှေတံဆိပ်စုစုပေါင်း သုံးခုအထိရယူ ပေးနိုင်ခဲ့သည်။“နေပြည်တော်ဆီးဂိမ်းပြီးရင် လက်ရွေးစင်မြားပစ် ကစားသမားဘ၀ကနေ အနားယူဖို့ ဆုံး ဖြတ်ထားပါတယ်။ မိသားစုအတွက် အချိန်ပေးချင်သလို လူငယ်တွေကို နေရာပေးချင်တာကြောင့်ပါ” ဟု အောင်ငှိမ်းက ဆိုသည်။

ချင်းလူမျိုး မြားပစ်အားကစားမယ် အောင်ငှိမ်းမှာ ၂၀၀၄ ခုနှစ်တွင် လက်ရွေးစင်ကစားသမားဖြစ်ခဲ့ပြီး အာရှပတ်လည် မြားပစ်ပြိုင်ပွဲတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အောင်ငှိမ်းသည် ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု ၀င်ရောက်ကစားခဲ့သည်။

လာမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်လည်း အနည်းဆုံးရွှေတံဆိပ် သုံးခုရရန်ရည်မှန်းထား ကြောင်း အောင်ငှိမ်းက ပြောသည်။ “လာမယ့်ဆီးဂိမ်းမှာ တစ်ဦးချင်းနဲ့ အသင်းလိုက် စုစုပေါင်း ရွှေတံ ဆိပ်သုံးခုလောက်ရဖို့ ရည်မှန်းထားပါတယ်။ ကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်တာကြောင့် ကိုယ့်နိုင်ငံ မှာ အောင်ပွဲခံချင်ပါတယ်” ဟု အောင်ငှိမ်းက ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာမြားပစ်အဖွဲ့သည် နေပြည်တော်ဝဏ္ဏသိဒ်္ဓိ မြားပစ်ကွင်း၌ လေ့ကျင့်မှုများ ပြုလုပ်နေသည်။

No comments: