သီဟကိုကို
မော်လမြိုင်သံလွင်မြစ်ကမ်းဘေး ရေပေါ်ဈေးတည်ဆောင်မှု ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင် မည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများက အောက်တိုဘာ ၃၁ က ပြောသည်။
မော်လမြိုင်သံလွင်မြစ်ကမ်းနား လမ်းတစ်လျှောက်တွင် ရေပေါ်ဈေးတည်ဆောင်မှုအား သိန်း ၁၇၀၀ ကျပ် အကုန်အကျခံကာ မွန်ပြည်နယ်၊ စည်ပင်သာယာရေးမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
အဆိုပါရေပေါ်ဈေးအား ပြီးခဲ့သည့် တစ်နှစ်ခွဲခန့်အချိန်မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ရေပေါ်ဈေးအတွင်း ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ အနားယူ အပန်းဖြေမည့်နေရာများကို ထည့် သွင်းတည်ဆောင်ထားသည်ဟု အစိုးရအဖွဲ့တာဝန်ရှိသူများက ဆိုသည်။
No comments:
Post a Comment