အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ငါးမြို့တွင် မြို့ရှောင်လမ်းများ ဖောက်လုပ်ရန်ကုမ္ပဏီများသို့ BOT (Build, Operate, Transfer) စနစ်ဖြင့် အောက်တိုဘာလကုန်ပိုင်းက လုပ်ငန်းများ ချထားပေးပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆောက် လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးဦးစောဟန်က မဇ္ဈိမသို့အတည် ပြု ပြောကြားသည်။
မြို့ရှောင်လမ်းဖောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများတွင် အေရှားဝေါကုမ္ပဏီ၊ မြတ်နိုးသူကုမ္ပဏီ၊ ယုဇန ကုမ္ပဏီ၊ သော်တာဝင်းကုမ္ပဏီ နှင့် အခြားကုမ္ပဏီတစ်ခု ပါဝင်ကြောင်း သိရသည်။
“အခုနိုဝင်ဘာမှာ လုပ်ခွင့်ရတဲ့ ကုမ္ပဏီတွေက လမ်းအူကြောင်းဖော်ခြင်းတွေကို ဆောင်ရွက်နေပါပြီ။ အခု လိုမြို့ရှောင်လမ်းတွေ ဖေါက်လုပ်ရတာကတော့ မြို့တွင်းမှာ ယာဉ်ကြောတွေ မပိတ်စို့အောင်ရယ် ယာဉ် မတော်တဆမှုတွေ လျော့နည်းအောင်ရယ်နဲ့ အဝေးပြေးကားတွေ အလွယ်တကူ သွားလာလို့ရအောင်ပါ။အခု လိုဖောက်လိုက်တော့ မြို့ထဲ ၀င်စရာမလိုတော့ဘူး” ဟု အင်ဂျင်နီယာမှူး ဦးစောဟန်က ပြောသည်။
လက်ရှိတွင် မြို့ရှောင်လမ်းဖောက်လုပ်ခြင်းကို လူစည်ကားပြီး အဝေးပြေးကားများ အများဆုံး ဖြတ်သန်းသွားလာနေသည့် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ်္ထီလာ၊ ပျော်ဘွယ်နှင့် ညောင်ဦးမြို့များတွင် ဆောင် ရွက်နေပြီး လိုအပ်ချက်ရှိသည့် မြို့များကိုလည်း ဆက်လက်ဖောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ဖောက်လုပ်မည့် မြို့ရှောင်လမ်းများမှာ ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်း၊ ညောင်ဦးမြို့ မြို့ရှောင်လမ်း၊ ပျော်ဘွယ်မြို့ မြို့ရှောင်လမ်း၊ မိတ်္ထီလာမြို့ မြို့ရှောင်လမ်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်းတို့ ဖြစ်သည်ဟု သက်ဆိုင်ရာက ပြောသည်။
No comments:
Post a Comment