Monday, November 11, 2013

ဧ၀ရက်တောင်သို့ မြန်မာတောင်တက်သမားများတက်ရောက်တော့မည်ဟု ဦးတေဇ ပြော

သီဟကိုကို

နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်သို့ မြန်မာနိုင်ငံသားများသာပါဝင်သည့် တောင်တက်အဖွဲ့မှ ၂၀၁၄ ခုနှစ် မေလတွင် တက်ရောက်သွားမည် ဟု မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက် အဖွဲ့ချူပ်၏ နယက ဦးတေဇက နိုဝင်ဘာလ ၉ ရက်တွင် ပြောသည်။

ထူးဖောင်းဒေးရှင်းမှ တောင်တက်သမား ၅ ဦးနှင့် ခြေလျင်/တောင်တက် အဖွဲ့ချူပ်မှ တောင်တက်သမား ၆ဦးတို့က တက်ရောက်သွားမည်ဟု မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက် အဖွဲ့ချူပ်၏ နယက၊ ထူးဖောင်းဒေးရှင်း၏ ဥက္ကဋ္ဌ ဦးတေဇကဆိုသည်။

ဦးတေဇ က "ဧ၀ရက်တောင်ကို တက်ရောက်မှာက မြန်မာနိုင်ငံသားတွေအနေနဲ့ ပထမဆုံး တက်ရောက်သွားမှာဖြစ်တယ်၊ တောင်ထိပ်မှာ နိုင်ငံအလံကိုစိုက်ထူးပြီး သမိုင်းသစ်တစ်ခုရေးထိုးနိုင်မယ်"ဟု ပြောသည်။

ဧ၀ရက်တောင်တက် ခရီးစဉ်အတွက် ကုန်ကျစရိတ်များကို ထူးဖောင်းဒေးရှင်းက ပံပိုးစီစဉ်သွားမည်ဟု ၎င်းက ဆိုသည်။

ဧ၀ရက်တောင်သို့ တက်ရောက်နိုင်ရန်အတွက် လေ့ကျင်သည့်အနဖြင့် မြန်မာနိုင်ငံသားတောင်တက်သမား ၅ ဦးသည် အောက်တိုဘာလအတွင်း နီပေါနိုင်ငံရှိ တောင်သုံးတောင်အား သွားရောက်တက်ရောက်ခဲ့ကာ နိုဝင်ဘာလလ ၈ ရက်တွင် ပြန်ရောက်လာခဲ့ပြီးဖြစ်သည်။

နိုဝင်ဘာလ ၁၁ရက်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မြောက်ပိုင်းရှိ အမြင့်ပေ ၁၅၀၀၀ ၀န်းကျင်ရှိ ထော်တကောတောင်သို့ ထူးဖောင်းဒေးရှင်းပံပိုးမှုဖြင့် ခြေလျင်/တောင်တက်အဖွဲ့ချူပ်မှ တောင်တက်သမား ၄၅ ဦးနှင့် နိုင်ငံခြားသား ၂ဦး တက်ရောက်သွားမည် ဖြစ်သည်။

ယင်းတောင်သို့ တက်ရောက်သွားမည့် မြန်မာနိုင်ငံသားများထဲမှ တောက်တက်သမား ၆ဦးကို လာမည့်နှစ်တွင် တက်ရောက်မည့် အိန္ဒိယနိုင်ငံရှိ ဧ၀ရက်တောင်တက်ခရီးစဉ်အတွက် ရွေးသွားမည် ဖြစ်သည်။

No comments: