Tuesday, November 19, 2013

ကချင်စစ်ပွဲ ချက်ချင်းရပ်ဖို့ ကုလ တိုက်တွန်း

ABC

ကချင်ဒေသက ​မြန်မာအစိုးရနဲ့ ​ကချင်လွတ်မြောက်ရေး ​တပ်မတော် ​KIA ​အကြား ​ဖြစ်ပွားနေတဲ့ ​တိုက်ပွဲတွေကို ​ချက်ချင်းရပ်တန့်ဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ် ​မန်စီဒေသမှာ ​နောက်ဆုံးဖြစ်ပွား ​နေတဲ့ ​တိုက်ပွဲတွေကြောင့် ​ပြည်သူ ​အနည်းဆုံး ​၂ ​ထောင့် ​၃ ​ရာ ​နီးပါး ​ပိတ်မိနေကြပြီး ​အစားအစာနဲ့ ​နေထိုင်ရေး ​အတွက် ​ဒုက္ခရောက်နေကြရတယ်လို့ ​ကုလသမဂ္ဂ ​အစီရင်ခံစာ ​ထဲမှာ ​ရေးသားထားပါတယ်။

၂ ​ဖက်တပ်တွေဟာ ​သိပ်ကို ​နီးကပ်လွန်းနေပြီး ​တပ်ပွဲတွေ ​ပြန်ဖြစ်ပွားခဲ့ပေမယ့် ​ငြိမ်းချမ်းရေး ​ဆွေးနွေးဖို့ ​ကိစ္စကိုတော့ ​အထိအခိုက် ​မခံဘူးလို့ ​ရန်ကုန်ကို ​ခေတ္တ ​ရောက်ရှိနေတဲ့ ​ကေအိုင်အေ ​ဒုတိယ ​စစ်ဦးချုပ် ​ဗိုလ်ချုပ် ​ဂွန်မော် ​က ​တနင်္လာနေ့တုန်းက ​ပြောကြားခဲ့ပါတယ်။

ကချင်ဒေသက ​စစ်ရှောင်ဒုက္ခသည်တွေ ​ရဲ့ ​အစားအစာ၊ ​ကျန်းမာရေး ​စောင့်ရှောက်မှု ​နဲ့ ​နေထိုင်ရေး ​အပါအ၀င် ​မြန်မာနိုင်ငံတ၀န်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ဒုက္ခရောက်ရသူတွေအတွက် ​အမေရိကန် ​ပြန်ထောင်စုက ​ဒေါ်လာ ​၂၅ ​သန်း ​ကူညီသွားဖို့ ​ရှိကြောင်း ​အမေရိကန် ​သံရုံးက ​ကြေငြာထားပါတယ်။

No comments: