Monday, November 18, 2013

ကချင်ဒေသမှာ တိုက်ပွဲပြင်းထန်

ABC

ကချင်ပြည်နယ်၊ ​မန်စီမြို့နယ်အတွင်းမှာရှိတဲ့ ​နမ့်လင်းပါ ​ကျေးရွာအတွင်းမှာ ​နိုဝင်ဘာ ​၁၇ ​ရက် ​တနင်္ဂနွေ ​မနက်ပိုင်းက ​အစိုးရနဲ့ ​ကချင်လွတ်မြောက်ရေး ​တပ်မတော် ​KIA ​တို့ ​အကြား ​တိုက်ပွဲတွေ ​ပြင်းထန်စွာ ​ဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။

အောက်တိုဘာလ ​၂၂ ​ရက်နေ့ကတည်းက ​မန်စီမြို့နယ် ​တစ်ဝိုက်မှာ ​အစိုးရ ​စစ်တပ်က ​မှောင်ခို ​လမ်းကြောင်းတွေ ​ရှင်းလင်းဖို့ ​အတွက် ​တပ်ဖြန့်တာ ​တွေကို ​ပြုလုပ် ​ခဲ့ပြီးနောက် ​KIA ​နဲ့ ​တိုက်ပွဲအချို့ ​ဖြစ်ပွား ​နေတာပါ။

နမ့်လင်းပါ ​ကျေးရွာ ​အတွင်းမှာ ​အစိုးရ ​စစ်တပ် ​လမ်းကြောင်းနဲ့ ​KIA ​တို့ ​တိုက်ပွဲဖြစ် ​ပွားခဲ့တာ ​ဖြစ်တဲ့အကြောင်း၊ ​တိုက်ပွဲ ​ဖြစ်ပွားခဲ့တာကြောင့် ​ကျေးရွာ ​အတွင်းက ​ရွာခံနဲ့ ​ဒုက္ခသည် ​၂၀၀၀
ကျော်လောက်ကတော့ ​မန်ဝိုင်းကြီးဒေသကို ​ထွက်ပြေး ​တိမ်းရှောင်နေရပြီး ​သူတို့အတွက် ​အထောက်အပံ့ ​အကူ ​အညီတွေ ​အရေးတကြီး ​လိုအပ်နေတယ် ​လို့ဒုက္ခသည် ​တွေကို ​ကူညီ ​ထောက်ပံ့ပေးနေတဲ့ ​KNSS ​အဖွဲ့က ​ကိုနော်ဒင်းက
ပြောပြခဲ့ ​ပါတယ်။

မန်စီမြို့နယ် ​တစ်ဝိုက်ဟာ ​အစိုးရနဲ့ ​KIA ​တို့ ​၂၀၁၁ ​ခုနှစ်တုန်းက ​ပြန်လည်ဖြစ်ပွားလာတဲ့ ​တိုက်ပွဲတွေကြောင့် ​ဒုက္ခသည်တွေ ​အများ ​အပြားရှိနေတဲ့ ​ဒေသ ​တစ်ခုဖြစ်ပြီး ​အခုလို ​အစိုးရရဲ့ ​နယ်မြေ ​ရှင်းလင်းရေး ​စီမံကိန်းကြောင့် ​တိုက်ပွဲတွေ ​ဖြစ်ပွားနေ ​တဲ့အတွက် ​ဒုက္ခသည်တွေ ​အခက် ​အခဲဖြစ်နေတယ်လို့ ​ကချင် ​အရပ်ဘက်လူ့အဖွဲ့အစည်း ​တွေက ​ပြောပါတယ်။

အစိုးရနဲ့ ​KIA ​တို့ ​တိုက်ပွဲတွေ ​ဒီထက်ပိုပြီး ​ပြင်းထန် ​လာရင်တော့ ​အခုသွားနေတဲ့ ​ငြိမ်းချမ်းရေး ​လမ်းကြောင်းကို ​ထိခိုက်သွားနိုင်တယ်လို့ ​ကချင် ​လွတ်မြောက်ရေး ​တပ်မတော် ​KIA ​ဘက်က ​ပြောဆိုထားပါတယ်။

No comments: