ABC
မြန်မာတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီတွေကြား ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှုမရခဲ့တဲ့အတွက် ဒီကိစ္စကို ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် လာမယ့်ဒီဇင်ဘာလအတွင်းမှာ ရွေ့ဆိုင်းထားလိုက်တယ်လို့ သိရပါတယ်။
လာမယ့်လ ဆွေးနွေးပွဲကို ကရင်ပြည်နယ်မြို့တော် ဖားအံမြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပေမယ့် ရက်အထိအကျ ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂ရက်ကြာဆွေးနွေးမှုအတွင်းမှာ အချက်အားလုံးကို သဘောတူညီမှု မရခဲ့ပေမယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် နှစ်ဖက်စလုံးကြားက ဆက်ဆံရေး အခြေအနေကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တိုးတက်မှုတွေရှိလာတယ်လို့ ဆိုပါတယ်။

No comments:
Post a Comment