Thursday, November 14, 2013

ရွှေဘိုဆေးရုံတွင် ကုသမှုခံယူနေစဉ် အကျဉ်းသားတစ်ဦး သေဆုံး

ကိုတိုးကြီး (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ တည်ရှိသော ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားတစ်ဦးသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်စစ်ဆေးလျှက်ရှိသည်ဟု ရွှေဘိုမြို့မရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ အကျဉ်းသားမှာ ယခုလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်လျက်ရှိသည့်အတွက် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ အကျဉ်းထောင်ရှိ ၀န်ထမ်းများမှ အချိန်မီပို့ ဆောင်ပေးခဲ့ပြီးနောက် နေ့လည် ၁၂ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ထောင်ဝင်စာသွား ရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၅၂ နှစ်အရွယ်ရှိပြီး ရွှေဘိုမြို့နယ် ယင်းမာကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ် သည်။

အဆိုပါ အကျဉ်းသားတစ်ဦးသေဆုံးခဲ့ရခြင်းသည် သဘာဝအလျောက်သေဆုံးခဲ့ရခြင်း ဟုတ်၊မဟုတ် သိ ရှိနိုင်ရန်အတွက် ၎င်းအကျဉ်းထောင်ရှိ ဒု - ကြီးကြပ်ရေးမှူး ဦးမြင့်ထွေးက သေဆုံးသူအကျဉ်းသားအား သေမှုသေခင်းဖွင့် စစ်ဆေးဆောင်ရွက်ရန် ရွှေဘိုမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည့်အတွက် စခန်းမှူး ဒု-ရဲမှူး အုန်းဟန်မှ စစ်ဆေးလျက်ရှိသည်။

No comments: