Friday, November 1, 2013

ဒုတိယအကြိမ် အမျိုးသမီးဖိုရမ် ကျင်းပပြီးစီး

ABC

မြန်မာနိုင်ငံက ​အမျိုးသမီးတွေအနေနဲ့ ​နိုင်ငံရေးကဏ္ဍ ​အပါအ၀င် ​တခြားနယ်ပယ်တွေမှာလည်း ​ပါဝင် ​ဦးဆောင်မှုတွေများပြားလာဖို့အတွက် ​ရည်ရွယ်ပြီးတော့ ​ဒုတိယအကြိမ်မြောက် ​အမျိုးသမီးဖိုရမ်ကို ​ရန်ကုန်မြို့မှာ ​ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

“အမျိုးသမီးတို့၏အသံ” ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​နှစ်ရက်တာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​အမျိုးသမီးဖိုရမ် ​အတွင်း ​အမျိုးသမီးနှင့် ​နိုင်ငံရေးကဏ္ဍ၊ ​အမျိုးသမီးနဲ့ ​မီဒီယာကဏ္ဍ ​အပါအ၀င် ​အမျိုးသမီးနှင့်စီးပွားရေးကဏ္ဍနဲ့ ​အမျိုးသမီးအခွင့်အရေးတွေ ​အပြည့်အဝရရှိစေရေးအကြောင်းတွေကို ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

အောက်တိုဘာလ ​၂၉၊ ​၃၀ ​ရက်နေ့အထိ ​အင်းလျားလိတ်ဟိုတယ်မှာ ​ကျင်းပခဲ့တဲ့ ​ဖိုရမ်ကို ​လွှတ်တော်အသီးသီးက ​လွှတ်တော်ကိုယ်စားလှယ်တွေ၊ ​နိုင်ငံရေးပါတီဝင်တွေ၊ ​ပြည်တွင်း ​ပြည်ပက ​အစိုးရ ​မဟုတ်တဲ့ ​အဖွဲ့အစည်းတွေနဲ့ ​လူထုအခြေပြု ​အဖွဲ့အစည်းတွေက ​ကိုယ်စားလှယ်တွေနဲ့ ​သတင်းမီဒီယာသမားတွေအပါအ၀င် ​စုစုပေါင်း ​အမျိုးသမီး၊ ​အမျိုးသား ​၂၇၀ ​ကျော် ​တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ​အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ​လွှတ်တော်မှာ ​ဆွေးနွေးနိုင်ဖို့အတွက် ​အမျိုးသမီးကို ​ကာကွယ်တဲ့ ​စီဒေါစာချုပ်နဲ့ပတ်သက်ပြီး ​လွှတ်တော်ကိုယ်စားလှယ်တွေအတော်များများ ​မသိကြသေးတာကြောင့် ​မြန်မာအမျိုးသမီးတွေကို ​ကာကွယ်ပေးမယ့် ​ဥပေဒတွေ ​ထွက်မလာနိုင်သေးတဲ့အကြောင်း ​ရန်ကုန်တိုင်း ​ဒေသကြီး ​လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ​ဒေါ်ညိုညိုကနေ ​ဦးဆောင် ​တင်ပြ ​ဆွေးနွေးခဲ့ကြတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

၁၉၇၉ခုနှစ်မှာ ​ကုလမသမဂ္ဂ ​အထွေထွေညီလာခံကနေ ​ချတ်မှတ်ခဲ့ ​နိုင်ငံတကာ ​အမျိုးသမီး ​အခွင့်အရေး ​စီဒေါစာချုပ်ကို ​မြန်မာနိုင်ငံက ​လက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပြီး ​နိုင်ငံတကာ ​အမျိုးသမီး ​အခွင့်အရေး ​စီဒေါစာချုပ်ဟာ ​အမျိုးသမီးတွေအပေါ် ​ဖိနှိပ်ခွဲခြားဆက်ဆံတာကို ​ဆန့်ကျင် ​ကန့်ကွက်တဲ့ ​စာချုပ်ဖြစ်ပါတယ်။

No comments: