နိရဉ္စရာ
ပုဒ်မ ၁၈ ဖြင့် ထိန်းသိမ်း ထောင်ချခံရသူ ကျောက်တော်နှင့် ရသေ့တောင်မှ (၆) ဦးလည်း သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ပြန်လွှတ်လာသည်ဟု သိရသည်။
လွှတ်မြောက်လာသူ ၆ ဦးမှာ ကျောက်တော်မှ ဦးမောင်ဝင်း၊ ဦးမောင်သိန်းလှိုင်၊ ဒေါ်လှမေ၊ ဒေါ်တင်တင်အေးနှင့် ရသေ့တောင်က ကိုတိုးတိုးနဲ့ ကိုသန်းဌေးတို့ ဖြစ်ကြသည်။
“ ကျမတို့နဲ့ အတူ နေ့လယ် ၁၂ နာရီ တိတိမှာလွတ်လာပါတယ်။ အားလုံး ၉ ယောက်ပါ” ဟု လွှတ်မြောက်လာသူ ဒေါ်ညိုအေးက နိရဉ္စရာကို ပြောသည်။
ဒေါ်ညိုအေးသည် ယနေ့တွင် သူနှင့် အမူတွဲ တစ်ခုတည်း ဖြစ်သူ ဦးကျော်ဇောဦးနှင့် အတူ လွှတ်မြှောက်လာသည်။
လွတ်လာသည့် အပေါ် ဒေါ်ညိုအေးက မှတ်ချက်ပြု ပြောကြားသည်။
“ အခုလွတ်လာတဲ့အပေါ် ကျမ မှတ်ချက်ပေးချင်တာက ကျမတို့ လုံးဝ အပြစ် မရှိပါ။ ကျမတို့ အပြစ် မရှိဆိုတာကို စောဒက အကြိမ်ကြိမ်တက်ပြီးမှ တရားသူကြီး ၄ ဦးပြောင်းပြီး ထောင်ချတာဖြစ်ပါတယ်။ အခု ပုဒ်မ ၁၈ ကို ပြင်ဆင်ဖို့ အများတောင်းဆိုလာတဲ့အတွက် ပုဒ်မ ၁၈ သမား အားလုံးကို လွတ်ပေး တယ်လို့ဘဲ ကျမမြင်ပါတယ်” ဟု ဆိုသည်။
ဒေါ်မညိုအေး အပါအ၀င် စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်နှင့် တောင်ကုတ်မှ ပုဒ်မ ၁၈ ဖြင့်ထောင်ချခံရသူများသည် ယခုနှစ် မတ်လ အတွင်းက မူဆလင် ဒုက္ခသည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ နိုင်ငံသား ဟုတ်/ မဟုတ်ကို စစ်ဆေးပြီးမှ လုံးချင်း အိမ်ယာ ဆောက်ပေးရန် တောင်းဆို ဆန္ဒပြပွဲများကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟု ဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထောင်ချခံကြရသူများ ဖြစ်သည်။
အလားတူ တောင်ကုတ်က (၄) ဦးနှင့် ရွှေဂတ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်၍ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ကိုထွန်းကြည် အပါအ၀င် ၁၀ ဦးလည်း ယနေ့တွင် လွှတ်မြောက်လာခဲ့သည်ဟု သိရသည်။

No comments:
Post a Comment