Thursday, November 14, 2013

ပုဒ်မ ၁၈ ဖျက်သိမ်းနိုင်ရေး လွှတ်တော်တွင်းကြိုးစား

ABC

ပြည်တွင်းမှာ ​တက်ကြွလှုပ်ရှားတဲ့ ​လူတွေကို ​နှိပ်ကွပ်ရာမှာ ​နာမည်ကြီးတဲ့ ​ပုဒ်မ ​၁၈ ​ရဲ့ ​ပင်မ ​ဥပဒေ ​ဖြစ်တဲ့ ​ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ​စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ​ပြင်ဆင်ဖို့ ​အဆိုပြုခဲ့တာကို ​ပြည်သူ့လွှတ်တော်က ​လက်ခံလိုက်တယ်လို့ ​သီပေါမြို့နယ် ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဦးရဲထွန်းက ​ပြောပါတယ်။

ငြိမ်းချမ်းစွာ ​စုဝေးခွင့်နဲ့ ​စီတန်း ​လှည့်လည် ​ခွင့်ဆိုင်ရာ ​ဥပဒေကို ​ပြန်လည် ​ပြင်ဆင်နိုင်ရင် ​ပုဒ်မ ​၁၈ ​လည်း ​အားပျော့ ​သွားနိုင်မယ့် ​သဘောရှိတယ်လို့ ​ဦးရဲထွန်း ​ကပြောပါတယ်။

အဲဒီ ​အဆိုကို ​တရားစီရင် ​ရေး ​ဥပဒေရေးရာနဲ့ ​တိုင်ကြားစာများ၊ ​အသနားခံစာများ ​စိစစ် ​ဆောင်ရွက်ရေး ​ကော်မတီ ​ရဲ့ ​ဥက္ကဌ ​သူရဦးအောင်ကို ​က ​တင်ပြခဲ့တာ ​ဖြစ်ပါတယ်။

အခုလို ​တင်ပြမှု ​ကို ​လွှတ်တော်က ​လက်ခံ ​လိုက်ပေမယ့် ​အခုလွှတ်တော်ဟာ ​လာမယ့် ​၂ ​ရက်မှာ ​ပြီးဆုံးတော့မှာ ​ဖြစ်တဲ့ ​အတွက် ​ရှေ့လာမယ့် ​လွှတ်တော် ​အစည်း ​အဝေး ​ရောက်မှသာ ​ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ​စုဝေးခွင်နဲ့ ​စည်တမ်းလှည့်လည်ခွင့်ဆိုင်ရာ ​ဥပဒေ ​ရဲ့ ​နည်းဥပဒေ ​ပုဒ်မ ​၁၈ ​အရ ​ဆန္ဒပြသူတွေအနေနဲ့ ​တစ်ပတ် ​ကြိုတင်ပြီးတော့ ​ဆန္ဒပြမယ့်အကြောင်း ​သက်ဆိုင်ရာ ​မြို့နယ် ​ရဲစခန်းရဲ့ ​ခွင့်ပြုချက် ​ရယူရမှာဖြစ်ပြီး ​လိုက်နာမှု ​မရှိသူတွေကို ​ပုဒ်မ ​၁၈ ​နဲ့ ​တရားဆွဲဆိုတာ ​ဖြစ်ပါတယ်။

ခုလောလောဆယ် ​ပုဒ်မ ​၁၈ ​ကို ​ချိုးဖောက်တယ်ဆိုပြီးတော့ ​ပြည်တွင်းက ​တက်ကြွ ​လှုပ်ရှားသူတွေကို ​အမှု ​ဖွင့်အရေးယူတာ ​တစ်နိုင်ငံလုံး ​အတိုင်းအတာနဲ့ ​၂၀၀ ​နီးပါးလောက်ရှိသားပြီလို့ ​လည်း ​လူ့အခွင့်အရေး ​လှုပ်ရှားသူ ​တစ်ဦးဖြစ်တဲ့ ​မခင်ဥမ္မာ ​က ​ပြောပါတယ်။

No comments: