ABC
မြန်မာ့ ပင်လယ်ပြင်မှာ တရွတ် ဆွဲပိုက်တွေနဲ့ ငါးဖမ်းဆီး မှုတွေရှိနေတာကြောင့် ရေအောက် သယံဇာတတွေလျာ့ကြ လာတာကို ကာကွယ်ဖို့ နော်ဝေသုတေသနဌာနနဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း လုပ်ကိုင် နေကြပါတယ်။
သုတေသနတွေ လုပ်နိုင်ဖို့ နော်ဝေ သုတေသန သင်္ဘောဟာ ရန်ကုန်မြို့ ကနေ ရခိုင် ကမ်းရိုးတန်းကို ဗုဒ္ဓဟူးနေ့က ထွက်ခွာခဲ့ပါတယ်။
အဲ့ဒီသဘောင်္ပေါ်မှာ နော်ဝေကပညာရှင် (၄)ဦး၊ ပြည်ပပညာရှင် (၁၂)ဦးနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေ ပါဝင် သွားပါတယ်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ ပညာရှင် ဒေါက်တာ ဦးစန်းအောင်က ပညာရှင်တွေ အနေနဲ့ ရခိုင်ကမ်းရိုးတမ်း၊ တနင်္သာရီကမ်းရိုးတန်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တစ်လျှောက် နဲ့မန်မာ့ ပင်လယ်ပြင်မှာ သုတေသန လုပ်ငန်းတွေ ဆောင်ရွက် သွားမှာဖြစ်ပြီး ရေပေါ်ရေလွှာ ငါးဖမ်းနည်းစနစ် ပြုလုပ်နိုင် ဖို့ကိုလည်း ဆောင်ရွက် သွားမယ်လို့ ပြောပြပါတယ်။
အဲ့ဒီ သုတေသန လုပ်ငန်းအတွက် နော်ဝေ အစိုးရက အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါး ထောက်ပံ့ သွားမယ်လို့ သိရပါတယ်။
သုတေသနလုပ်ပြီး ပင်လယ်ပြင်မှာရှိတဲ့ ငါးသယံဇာတနဲ့ ထုထည်တွေ ရေပူ ရေအေးတွေရဲ့ ဖြစ်စဉ်တွေ အားလုံး သိရှိပြီးတဲ့အခါ ရေရှည်မှာ ဘယ်လို ဘယ်လို ထိန်းချုပ် လုပ်ကိုင် သင့်သလဲ ဆိုတာတွေ လုပ်သွားမယ်လို့ သိရကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

No comments:
Post a Comment