Friday, November 8, 2013

ဆီးဂိမ်းပြိုင်ပွဲနေရာများတွင် ၀ိုင်ဖိုင်အင်တာနက် တပ်ဆင်မှု Cisco နည်းပညာဖြင့် အသုံးပြုမည်

ချိုကို

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကျင်းပမည့်နေရာများတွင် အင်တာနက်အသုံးပြုနိုင်ရန် အတွက် ၀ိုင်ဖိုင်အင်တာနက်စနစ်များ တပ်ဆင်ပေးရာတွင် ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်သည့် Cisco မှ နက်ခ်ဝပ်ပစ္စည်းများနှင့် Cisco နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ယင်းဝန်ဆောင်မှုကို ပေးမည့် Redlink ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

ယင်းအပြင် ဆီးဂိမ်းအားကစားပြိုင်ပွဲကျင်းပမည့် မြို့ကြီးလေးမြို့ရှိ အားကစားကွင်းများနှင့် အားကစားရွာ များတွင် ၀ိုင်ဖိုင်အင်တာနက်စနစ်များ တပ်ဆင်ပေးမည်ဖြစ်ရာ Redlink ကုမ္ပဏီက ရန်ကုန်နှင့် ငွေဆောင် တို့တွင်လည်းကောင်း၊ ရွှေသံလွင်ကုမ္ပဏီက နေပြည်တော်နှင့် မန္တလေးမြို့များတွင်လည်းကောင်း အသီး သီးတာဝန်ယူတပ်ဆင်ကြမည်ဖြစ်သည်။

Redlink ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွှန့်က “ဆီးဂိမ်းအားကစားကွင်းတွေမှာ ၀ိုင်ဖိုင်အင်တာ နက်စနစ်တွေ စပြီးတပ်ဆင်နေပြီ။ နောက်တစ်ပတ်လောက်ဆို Testing စမ်းသုံးကြည့်လို့ရနေပြီ။ နက်ခ် ၀ပ်ပစ္စည်းတွေနဲ့ နည်းပညာပိုင်းကို Cisco ကို သုံးထားတယ်။Cisco က ဆီးဂိမ်းအားကစားပြိုင်ပွဲတွေမှာ အင်တာနက်ဝန်ဆောင်မှုပေးဖူးတဲ့ အတွေ့အကြုံလည်း ရှိပြီးသားပါ”ဟု ပြောသည်။

အသုံးပြုနိုင်မည့် အင်တာနက်မြန်နှုန်းအနေဖြင့် သုဝဏ္ဏအားကစားကွင်းတွင် Bandwidth 1GB အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး တခြားအားကစားကွင်းများတွင် Bandwidth 600 Mbps ကနေ 800 Mbps အထိ အသုံးပြုနိုင်မည်ဟု ၎င်းကဆိုသည်။

ပြိုင်ပွဲကျင်းပမည့်နေရာများတွင် မြင့်မားသောအင်တာနက်မြန်နှုန်းရရှိပြီး အသုံးပြုသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန်မှာ အဆိုပါအင်တာနက်လိုင်းချိတ်ဆက်အသုံးပြုမည့် Main Backbone Cable က အရေး ကြီးသည်ဟုလည်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်၊ နက်ခ်ဝပ်ပညာရှင်တစ်ဦး ဖြစ်သည့် ဦးအောင်ဇော်မြင့်က သုံးသပ်သည်။

Redlink အနေဖြင့် ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် တရားဝင်ဝက်ဘ်ဆိုဒ်ကိုလည်း လွှင့်တင်ထားရှိပြီး အဆိုပါဝက်ဘ်ဆိုဒ်နှင့် ၀ိုင်ဖိုင်အင်တာနက်တပ်ဆင်မှုများအတွက် ကုမ္ပဏီအနေဖြင့် ကျပ်သိန်း ၅၀၀၀ ခန့် အသုံးပြုထားသည်ဟုလည်းRedlink ၏ ဥက္ကဋ္ဌ ဦးရှိန်းသူအောင်က ဆိုသည်။

No comments: