Sunday, November 3, 2013

ရုပ်သံစီမံကိန်းကို စွန့်လွှတ်ရန်အတွက် Intel က Verizon ဖြင့် ဆွေးနွေးနေ

အောင်မင်း

အင်တဲလ်နည်းပညာကုမ္ပဏီအနေဖြင့် ၎င်း၏အင်တာနက်ရုပ်သံထုတ်လွှင့်မှု ကနဦးအစီအစဉ်အားVerizon Communication Inc မှ လွှဲပြောင်းရယူရန်အတွက် ယင်းဆက်သွယ်ရေးကုမ္ပဏီနှင့် ဆွေးနွေးမှုများပြုလုပ် နေသည်ဟု နီးစပ်သူတစ်ဦးက လွန်ခဲ့သောဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ထို့ကြောင့် အင်တဲလ်အနေဖြင့်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန်အတွက် ဒုတိယနည်းလမ်းတစ်ခု အားစဉ်းစားနေပြီဖြစ်သည်။

အဆိုပါသတင်းအား All Things D အင်တာနက်ဝက်ဘ်ဆိုဒ်၌ အမည်မဖော်လိုသည့် သတင်းရင်းမြစ် များအား ကိုးကားကာ ဦးစွာဖော်ပြခဲ့သည်။စေ့စပ်ဆွေးနွေးမှုများမှာ တိုးတက်မှုရှိသော်လည်း အင်တဲလ်၏ မီဒီယာကဏ္ဍအား Verizon မှ အပြည့်အ၀ထိန်းချုပ်ခြင်းပြုမပြု သို့မဟုတ် အင်တဲလ်အနေဖြင့်ယင်းကဏ္ဍ မှ ၎င်း၏ရှယ်ယာများအားဆက်လက်ထိန်းခြင်း ပြု၊ မပြုတို့မှာမူရှင်းရှင်းလင်းလင်းမရှိသေးဟုလည်း AllThings D အင်တာနက်သတင်း၌ ဖော်ပြထားသည်။

ယခုကဲ့သို့ ထွက်ပေါ်နေသောသတင်းများအပေါ် သဘောထားမှတ်ချက်ပေးရန်ကို အင်တဲလ်နှင့် Verizon တို့မှ ကိုယ်စားလှယ်များက ငြင်းဆန်လိုက်သည်။

ယခုလအစောပိုင်းတွင် Chip ပြားများပြုလုပ်သည့်လုပ်ငန်းများ ကျဆင်းလာသဖြင့် အခြားဝင်ငွေရလမ်း တစ်ခုအား ရှာဖွေသည့်အနေဖြင့် အင်တဲလ်က အင်တာနက်ရုပ်သံမှတစ်ဆင့် တိုက်ရိုက်အစီအစဉ် များနှင့်လူကြိုက်သာအစီအစဉ်များအား ထုတ်လွှင့်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းစီမံချက်အား ဆောင်ရွက်ရန်အတွက် ရာပေါင်းများစွာသောအလုပ်သမားများအား ငှားရမ်းခဲ့သည့်အပြင် လော့စ်အိန်ဂျလိနှင့် နယူးယောက်မြို့များတွင် ရုံးခန်းများလည်းဖွင့်လှစ်ခဲ့သည်။

အင်တာနက်မှတစ်ဆင့် ရုပ်ရှင်ကြည့်ရှုခြင်းကဲ့သို့သော အိမ်တွင်းဖျော်ဖြေရေး ၀န်ဆောင်မှုများအား အသုံးပြုသည့်ပရိသတ်များအတွက် ယှဉ်ပြိုင်မှုမှာလည်းများပြားလာလျက်ရှိသည်။ Apple Inc,Google Inc, Sony Corp နှင့် Microsoft Corp တို့မှာ အင်တာနက်ရုပ်သံလိုင်းများပိုင်ဆိုင်ရန်အတွက် လှုပ်ရှား လျက်ရှိကြပြီး Netflix Inc နှင့် Amazon.com Inc တို့မှာမူ ရုပ်သံဝန်ဆောင်မှုများ ထုတ်လုပ်ပေးလျက် ရှိပြီး သုံးစွဲသူပေါင်းသန်းနှင့်ချီ၍ရရှိထားပြီးဖြစ်သည်။

No comments: