ပန်းမြတ်ဇော်
PEE MAK မင်းသမီးဒါဝိကာသည် မြန်မာအနုပညာရှင်များနှင့်အတူ ဆီးဂိမ်းအကြိုလှုံ့ဆော်ပွဲတွင် ပါဝင် လုပ်ဆောင်မည်ဖြစ်သည်။ ယင်းလှုံ့ဆော်ပွဲကို ဒီဇင်ဘာ ၃ ရက်တွင်Junction Square ၌ ညနေ ၆ နာရီ ည ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ အပြင် “အရှေ့တောင်အာရှ သူရဲကောင်း များ” စီးရီးတွင် ပါဝင်သီဆိုခဲ့သည့် အနုပညာရှင်များ ပါဝင်မည်ဖြစ်သည်။
၎င်းပွဲတွင် အနုပညာရှင်များကပရိသတ်များအား အမှတ်တရလက်မှတ်ရေးထိုးပေးခြင်း၊ ဆီးဂိမ်းတွင် အသုံးပြုမည့် လာဘ်ကောင်ဇီးကွက်ရုပ်ဖြင့် အမှတ်တရဓာတ်ပုံတွဲရိုက်ပေးခြင်း၊ ဆီးဂိမ်းတေးသီချင်း အယ်လ်ဘမ်အား ပရိုမိုးရှင်းအနေဖြင့်ရောင်းချခြင်းအပြင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ် သည်။
ADMA Media မှ ဒုတိယဥက္ကဋ္ဌဦးဝေမင်းမောင်က “အဓိက,ကတော့ ထိုင်းမင်းသမီးဒါဝိကာနဲ့ ထိုင်းမင်း သားမော့ဖာတစ်ဖန်တို့က ဇာတ်ကားရိုက်ကူးဖို့ အတွက် စိုင်းစိုင်းနဲ့ ကိုလူမင်းကိုလာတွေ့တာပါ။ မြန်မာ ပြည်ကိုလာလေ့လာရင်းနဲ့ ဆီးဂိမ်းအကြိုလှုံ့ဆော်ပွဲမှာ ပါဝင်လုပ်ဆောင်ဖြစ်သွားတဲ့သဘောပါ”ဟုပြော သည်။
၎င်းအပြင် အဆိုပါနေ့တွင် အထူးအစီအစဉ်အဖြစ် စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းမင်းသမီးဒါဝိကာတို့ တွဲရိုက် ထားသည့်ပိုစတာများကို ပရိသတ်များအား အခမဲ့ဝေငှပေးသွားမည်ဖြစ်သည့်အပြင် ထိုင်းမင်းသမီးက လည်းပရိသတ်များနှင့်တွေ့ဆုံပြီး လက်မှတ်ရေးထိုးပေးမည် ဖြစ်သည်။
ထိုလှုံ့ဆော်ပွဲတွင် ပါဝင်ကူညီပေးမည့် "Pee Mak" ဇာတ်ကားမှ ထိုင်းမင်းသမီးဒါဝိကာသည် ဒီဇင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ပြီး ထိုင်းမင်းသားမော့ဖာတစ်ဖန်သည် ဒီဇင်ဘာ ၂ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။ ယင်းလှုံ့ဆော်ပွဲကိုADMA မီဒီယာမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်းကလည်း မြန်မာမင်းသားများနှင့် နိုင်ငံတကာအလှမယ်များပါဝင်သည့် ဖက်ရှင် ရှိုးပွဲကို ကျင်းပခဲ့သည်။
No comments:
Post a Comment