Thursday, November 7, 2013

ဒေါက်တာစင်သီယာမောင် Sydney Peace Prize လက်ခံရယူမယ်

ABC

ထေိုင်းမြန်မာနယ်စပ်က ​မြန်မာဒုက္ခသည်တွေကို ​နှစ်ပေါင်းများစွာ ​အခမဲ့ ​ဆေးကုသမှုပေးနေတဲ့ ​ဒေါက်တာ ​စင်သီယာမောင်ကို ​2013 ​Sydney ​Peace ​Prize ​ဆစ်ဒနီငြိမ်းချမ်းဆု ​ချီးမြှင့်လိုက်ပါတယ်။

ထမင်းပေါင်းအိုး ​Rice ​Cooker ​ကို ​ဆေးထိုး ​ကိရိယာတွေ ​ပိုးသတ်ဖို့ ​အသုံးပြုခဲ့ရာကနေ ​စတင်ခဲ့ရတဲ့ ​မယ်တော်ဆေးခန်းဟာ ​အခုတော့ ​ကျန်းမာရေး ​လုပ်သား ​၆၀၀ ​ကျော်ရှိနေပြီး ​ဒုက္ခသည်တွေ၊ ​ရွေ့ပြောင်းအလုပ်သမားတွေ ​နဲ့ ​မိဘမဲ့ကလေးတွေ ​ပါဝင်တဲ့ ​လူပေါင်း ​၁ ​သိန်းခွဲလောက်ကို ​ကြည့်ရှုနိုင်တဲ့ ​အခြေအနေကို ​ရောက်လာခဲ့ပါပြီ။

မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲရေးတွေ ​လုပ်ဆောင်နေပေမယ့် ​လက်တွေ့မှာတော့ ​ဒုက္ခသည်တွေအတွက် ​အပြောင်းအလဲသိပ်မတွေ့ရဘူးလို့ ​ဒေါက်တာ ​စင်သီယာမောင်က ​ရေဒီယို ​သြစတြေးလျကို ​ဆစ်ဒနီရောက်ခိုက်မှာ ​ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဆိုင်ရာ ​ကူညီမှုတွေဟာ ​တိုးတက်လာပေမယ့် ​အခက်အခဲတွေ ​အများကြီး ​ဆက်ပြီး ​ရှိနေသေးတယ်လို့လည်း ​သူက ​ပြောခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ ​စွမ်းဆောင်နိုင်မှုဟာ ​အာရှပစိဖိတ်ဒေသတွင်း ​ငြိမ်းချမ်းရေးကို ​တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သလို ​သမားတော်တယောက်ရဲ့ ​လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် ​လုပ်သင့်လုပ်ထိုက်တာကို ​အကောင်းဆုံး ​ပြတဲ့ ​လုပ်ရပ်ဖြစ်တယ်လို့ ​အာရှ ​ပစိဖိတ်ဒေသအတွင်း ​ငြိမ်းချမ်းရေး၊ ​မျှတရေး ​နဲ့ ​လူ့အခွင့်အရေး ​ဆိုင်ရာ ​ထူးချွန်ဆုပေးဖို့ ​၁၉၉၈ ​ခုနှစ်က ​ဖွဲ့စည်းခဲ့တဲ့ ​Sydney ​Peace ​Foundation ​က ​ကြေညာခဲ့ပါတယ်။

ဒေါက်တာ ​စင်သီယာမောင်ဟာ ​ဒီကနေ့ ​ဗုဒ္ဓဟူးနေ့မှာတော့ ​ဆစ်ဒနီငြိမ်းချမ်းရေးဆုဆိုင်ရာ ​သင်္ခန်းစာကို ​ဆစ်ဒနီ ​မြို့တော်ခန်းမမှာ ​ပို့ချပေးမယ်လို့ ​သိရပါတယ်။

No comments: