ယုဝေ
မှော်ဘီမြို့နယ်၊ အမှတ် ၄ ရပ်ကွက် ရာအိမ်မှုးများက The Voice သတင်းစာမှ သတင်းထောက်တစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စ ရဲစခန်းက ယခုရှစ်လကြာသည်အထိ စုံစမ်းစစ်ဆေးမှု မပြုလုပ်သေးပာု အရိုက်ခံရသူတစ်ဦးဖြစ်သည့် သတင်းထောက် ကိုခိုင်စိုးလင်းက ပြောသည်။
မှော်ဘီမြို့နယ်၊ အမှတ် ၄ ရပ်ကွက် ရာအိမ်မှုးများက The Voice သတင်းစာမှ သတင်းထောက်တစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စ ရဲစခန်းက စုံစမ်းစစ်ဆေးမှု မပြုလုပ်သေးပာု အရိုက်ခံရသူတစ်ဦးဖြစ်သည့် သတင်းထောက် ကိုခိုင်စိုးလင်းက ပြောသည်။
သတင်းထောက်တစ်ဦးအပါအဝင် အရပ်သားတစ်ဦးပါ ရိုက်နှက်ခံခဲ့ရကြောင်းကို မြန်မာဂျာနယ်လစ်ကွန်ရက်တွင် နိုဝင်ဘာ ၇ ရက်က အဆိုပါသတင်းထောက်က ဦးဆောင်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မင်းက မီဒီယာလားကွ။ ပာိုရှုပ်ဒီရှုပ်နဲ့လို့ ပြောပြီးရိုက်တာပါ။ ရာအိမ်မှုး သုံးယောက်က ၁၁ လပိုင်း ၃ ရက်နေ့ ညက ရိုက်တာပါ။ ကျွန်တော်နဲ့က ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ ကျွန်တော် သတင်းတစ်ခုတော့ ဖုန်းဆက်ပြီး မေးဖူးတယ်။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရန်ငြိုးဖွဲ့တယ်လို့တော့ ထင်ပါတယ်” ပာု The Voice သတင်းထောက် ကိုခိုင်စိုးလင်းက ပြောပြသည်။
ဖြစ်ပွားပုံမှာ မှော်ဘီမြို့နယ် အမှတ်(၄) ရပ်ကွက် ၁၁ လပိုင်း ၃ ရက်ညက ကိုခိုင်စိုးလင်းနှင့် ကိုအောင်ဇော်လင်းတို့မှ စက်ဘီးတွန်း၍ လမ်းလျှောက်လာစဉ် မှော်ဘီမြို့နယ် အမှတ်(၄) ရာအိမ်မှုး အုပ်ချုပ်ရေးမှုးများဖြစ်သော ကိုတင်ထွဋ်၊ ကိုခရမ်း၊ ကိုသိန်းထိုက်တို့မှ အုပ်စုဖွဲ့ကာ အလစ်ချောင်းရိုက်နှက် ခဲ့ခြင်းဖြစ်သည်ပာု ကိုအောင်ဇော်လင်း က ပြောသည်။
ယင်းဖြစ်ရပ်အား မှော်ဘီမြို့နယ် မြို့မရဲစခန်းသို့တိုင်ကြားထားသော်လည်း အမှုစစ်ဆေးသူ ခရီးထွက်နေသည် ပာူသည့် အကြောင်းပြချက်ပေးပြီး ယခုချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ကိုခိုင်စိုးလင်းက ဆိုသည်။
ကိုခိုင်စိုးလင်း အရိုက်ခံရမှုနှင့် ပတ်သတ်၍ The voice အယ်ဒီတာ ကိုအောင်စိုးက “ကိုခိုင်စိုးလင်း အမှုက အမှုလည်းဖွင့်ထားပါတယ်။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ တရားရုံးက ဆုံးဖြတ်ပေးသွားမှာပါ။ ကျွန်တော်တို့ကတော့ တရားဥပဒေအရ ဆုံးဖြတ်ဖို့ပဲ တွန်းအားပေးသွားမှာပါ။အမှုရင်ဆိုင်ရာတွင် ရှေ့နေဌားဖို့ လိုအပ်လာရင်လည်း ကူညီဆောင်ရွက်ပေးသွားမှာပါ”ပာု ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် ကိုခိုင်စိုးလင်းမှ ငွေကျပ် ရှစ်သောင်းနှင့် ပာန်းဖုန်း၊ ကိုအောင်ဇော်လင်းမှ ငွေကျပ်နှစ်သောင်းခန့် ပျောက်ဆုံးခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ မှော်ဘီမြို့နယ် မြို့မရဲစခန်းသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ"အဲ့ဒီကိစ္စက ရဲလုပ်ငန်းမစုံသေးလို့ပါ။ သတ်သေ အထောက်အထား တွေကိုလည်း စစ်ဖို့လိုအပ်သေးပါတယ်။ အမှုစစ်ကလည်း ခွင့်ယူထားပါတယ်။ ဒီမှာက ရဲအရာရှိအင်အားလည်း မလုံလောက်ပါဘူး”ပာု မြို့မရဲစခန်း တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။
ယခင်က 7 Day ဂျာနယ်မှ သတင်းထောက်တစ်ဦးကို ၎င်းအိမ်ပြန်သည့် လမ်းပေါ်တွင် ရိုက်နှက်ခံရမှုဖြစ်ပွားခဲ့ဖူးပြီး လွန်ခဲ့သည့် ရက်ပိုင်းကလည်း အလွတ်တန်း သတင်းထောက်တစ်ဦးကို ရဲဌာနက ဖမ်းဆီး ရိုက်နှက်မှုဖြစ်ပွားခဲ့ကာ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သေးသည်။
No comments:
Post a Comment