Saturday, November 2, 2013

မြန်မာ့ဆက်သွယ်ရေးက Voice mail Service အပါအ၀င် ၀န်ဆောင်မှုလေးမျိုးထပ်တိုးမည်

ချိုကို

၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ Voice Mail Service (VMS) (အသံဖြင့်မက်ဆေ့ခ်ျပေးပို့သည့်စနစ်) အပါအ၀င် မိုဘိုင်းဖုန်းနှင့်ဆက်စပ်သည့် ၀န်ဆောင်မှုလေးမျိုးကို ထပ်မံတိုးပေးသွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုးမြှင့်ပေးမည့်ဝန်ဆောင်မှုများတွင် Miss Call Alert (MCA) (ဖုန်းပိတ်ထားသော်လည်း ဖုန်းပြန်ဖွင့်ပါ က Miss Call ပေါ်နေသည့် ၀န်ဆောင်မှု)၊Call Forward Service (CFS) (နက်ခ်ဝပ်ချိတ်ထားသောဖုန်းများ ကို ပြင်ပမှဖုန်းခေါ်ပါက အလိုအလျောက် ချိတ်ဆက်ပေးခြင်း)၊Call Wait Service (CWS) (ဖုန်းပြောနေ စဉ် ခဏရပ်ထားပြီး အခြားဖုန်းဝင်လာမှုကိုကိုင်နိုင်ခြင်း) စသည့်ဝန်ဆောင်မှုများပါဝင်သည်။

အဆိုပါဝန်ဆောင်မှုများ အသုံးပြုလိုပါက ဖုန်းနံပါတ်-၁၃၃၁သို့ SMSပေးပို့ခြင်းဖြင့် လျှောက်ထားရမည် ဖြစ်သည်။ ထိုသို့ SMS လျှောက်ထားရာတွင်

Call Wait Serviceအတွက် (Orderdata CW) ဟုလည်းကောင်း၊Voice Mail Service အတွက် (Orderdata VMS) ဟုလည်းကောင်း၊ Miss Call Alert အတွက်(Orderdata MCA) နှင့် Call Forward Service အတွက်(Order Data Service) ဟု မက်ဆေ့စ်ပေးပို့ရမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် Voice Mail Service ၀န်ဆောင်မှုကို၂၀၁၀ ခုနှစ်အတွင်းက ၀န်ဆောင်မှုပေးခဲ့ပြီးနောက်ပိုင်းတွင် ယင်းဝန်ဆောင်မှုကိုအသုံးပြု၍မရတော့ကြောင်း ဖုန်းအသုံးပြုသူ အချို့က ပြောသည်။

ယင်းသို့ဝန်ဆောင်မှုများပေးခြင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီ ယာမှူး ဦးအောင်ကျော်သက်က “အရင်တုန်းကတော့ Voice Mail Service ကို ၀န်ဆောင်မှုပေးခဲ့ သေးတယ်။ ဒါပေမဲ့ စက်ပစ္စည်းချို့ယွင်းသွားလို့ အဲဒီစနစ်က အသုံးပြုလို့မရတော့ဘူး။ အခု စက်ပစ္စည်း အသစ်တွေတပ်ဆင်ထားပြီးဖြစ်လို့ အခြားဝန်ဆောင်မှုတွေပါ တိုးချဲ့ပေးထားပါတယ်”ဟု မဇ္ဈိမကို ပြော သည်။

ယင်းထပ်တိုးဝန်ဆောင်မှုများအတွက် လစဉ်ကြေးဖြင့်ပေးဆောင်ရမည်ဖြစ်ပြီး တစ်လလျှင် Voice Mail Service ကို ကျပ် ၁၀၀၀၊ Call Forward Service ကို ကျပ် ၉၀၀၀၊Call Wait Service ကိုကျပ် ၅၀၀၊ Miss Call Alert ကိုကျပ် ၁၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

ယင်းသို့ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်ပြီး Softgate Myanmar ကုမ္ပဏီမှ ဒါရိုက်တာ ဦးရန်နောင် စိုးက “Call Forward Service ဆိုရင် ကုမ္ပဏီတွေမှာသုံးရင် ပိုအဆင်ပြေတယ်။ ဒါပေမဲ့ ၀န်ဆောင်မှုခတွေ က နည်းနည်းဈေးကြီးနေတယ်။VMS၊ MCA Service တွေဆိုပြည်ပနိုင်ငံအတော်များများမှာ အလကားတောင် ၀န်ဆောင်မှုပေးနေတယ်။ Call Forward Service ဆိုရင်လည်း ကောက်ခံမယ့်ဝန်ဆောင်ခများနေ တယ်လို့ထင်တယ်”ဟု ဆိုသည်။

ယခင် Voice Mail Service၀န်ဆောင်မှုပေးခဲ့စဉ်က အသုံးပြုသူနည်းပါးခဲ့ပြီးအသုံးပြုရာတွင် ဆက်သွယ် ရေးလိုင်းအခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း အသုံးပြုသူများက ပြောသည်။

ဦးရန်နောင်စိုးက “ SMS နဲ့ပေးပို့လျှောက်ထားလို့ရရင်တော့ လျှောက်ထားမယ့်လူ များလာလိမ့်မယ်။ စက်ပစ္စည်းတွေကိုလည်း သေချာUpgrade ပြုလုပ်ပြီးလို့ ဒီလိုဝန်ဆောင်မှုမျိုးထပ်ပေးတာနေမှာပါ”ဟု ဆိုသည်။

No comments: