ABC
၂၀၁၄ ခုနှစ်အတွင်း လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေအားလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေ နေရာ ၃၀ ကျော်ရှိ တယ်လို့သိရပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွှတ် တော် မှာ ဆွေးနွေး ခဲ့တဲ့ အခြေ အနေ တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။
“ဒီလွှတ် တော် သက်တမ်း အတွင်းမှာ အကြောင်း အမျိုးမျိုး ကြောင့် လစ်လပ်နေတဲ့ လွှတ် တော် ကိုယ်စား လှယ် တွေ ရှိပါတယ်၊ အမျိုးသား လွှတ်တော် မှာရော၊ ပြည်သူ့ လွှတ်တော် မှာရော ၊ တိုင်းဒေသကြီး လွှတ်တော် မှာရော အဲဒီ လစ်လပ် နေတဲ့ နေရာတွေကို ကြားဖြတ် ရွေးကောက်ပွဲ လုပ်ရန် အစီအစဉ် ရှိမရှိကို ကျနော်မေးတာပါ။ ကျနော် တို့က ဘာကြောင့် မေးရသလဲ ဆိုတော့ ပြည်သူလူ ထုက ရွေး ကောက် တင်မြောက် ထားတဲ့ ကိုယ်စားလှယ်ရှိမှ အဲဒီမြို့နယ် တွေရဲ့ အခက်အခဲတွေ၊ ပြဿနာ တွေကို လွှတ်တော်မှာ ဆွေးနွေးနိုင်ကြမယ်၊ ဥပဒေပြုရေးပိုင်းမှာ ပြည်သူ လူထု ပါဝင် နိုင်မှာပေါ့နော်၊ ဒါနဲ့ ပတ်သက်ပြီး တော့ပဲ ဦးတင်အေးက ကြားဖြတ် ရွေးကောက်ပွဲ လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ဖြေပါ တယ်။”
ကြားဖြတ် ရွေးကောက်ပွဲကို ဘယ်အချိန်လောက် ကျင်းပ ဖြစ်မလဲ ဆိုတာကို အချိန် အထိအကျ ပြောဆို ထားတာ မရှိပေမယ့် ရွေးကောက်ပွဲ မကျင်းပခင် ၃လလောက် ကြိုပြီး ကြေညာ ပေသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့တော့ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့မယ်ဆိုရင် ၀င်ရောက်ယှဉ်ပြိုင် သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကပြောပါတယ်။
ရခိုင်အမျိုးသားပါတီအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်းက လစ်လပ်နေတဲ့မဲဆန္ဒနယ် ၃နေရာမှာ ၀င်ရောက် ယှဉ်ပြိုင် နိုင်ဖို့ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမယ်လို့ ပါတီခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း လစ်လပ်တဲ့ မဲဆန္ဒနယ်မြေအားလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်သွား မှာဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထား ပါတယ်။

No comments:
Post a Comment