ABC
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး Fumio Kishida ရောက်ရှိနေချိန်မှာပဲ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဂျပန်ယန်းငွေ ရှစ် ဘီလီယံ - (အမေရိန်ဒေါ်လာ - ၇၈၃၃၈၈) ထောက်ပံ့ကူညီပေးသွားဖို့ အတွက် ဒီကနေ့ တနင်္လာနေ့မှာ ကြေညာသွားဖို့ ရှိပါတယ်။
အ ဆို ပါ ထောက် ပံ့ ကြေး တွေဟာ မြန်မာ နိုင်ငံ အနေနဲ့ အရှေ့ တောင် အာရှ နိုင်ငံတွေက မီးရထား သယ်ယူ ပို့ဆောင်ရေး စောင့်ကြည့် လေ့လာတဲ့ စနစ်တွေ တည် ဆောက် နိုင်ဖို့ အတွက်နဲ့ ဆေးရုံ ဆေးခန်း တွေမှာ လိုအပ်တဲ့ ဆေးပစ္စည်း ဆိုင်ရာ ကိရိယာတွေ စတင် အသုံးပြုနိုင် ဖို့အတွက် အသုံးပြု သွားမယ်လို့ နှစ်ဘက် အစိုးရနဲ့ နီးစပ်တဲ့ အသိုင်း အ၀ိုင်းက ပြောပါတယ်။
ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး Fumio Kishida ဟာ တနင်္ဂနွေနေ့မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိ သွားတာဖြစ်ပြီး ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သမ္မတ ဦးသိန်းစိန် တို့ ကိုတွေ့ဆုံဖို့ရှိပြီး မြန်မာနိုင်ငံကို ပေးမယ့် ထောက်ပံ့ကြေး အသစ် အကြောင်းကို ဆွေးနွေး သွားကြမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကစပြီးတော့ မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကြေးတွေဟာ ဂျပန် ယန်းငွေ ၁၆၀ ဘီလီယံလောက်ရှိပြီ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်းမှာ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေအကြောင်း ပူးတွဲလေ့လာမှုတွေနဲ့ပတ်သက်ပြီးတော့လည်း ထပ်မံစကားပြောဆို ဆွေးနွေး သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

No comments:
Post a Comment