သျှမ်းသံတော်ဆင့်
ခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သည် ယခုပတ် အတွင်း သျှမ်းပြည် တောင်ပိုင်း မြို့နယ် သုံးခု၌ ရုံးများ ဆက်တိုက် ဖွင့်လှစ် သွားမည်ဟု သိရှိရပါသည်။
ဖဖေါ်ဝါရီ ၂၈ ရက် ဟိုပုံးမြို့နယ် မိုင်းပျဉ်း တိုက်နယ်ရုံး၊ မတ် ၁ ရက်နေ့ မိုင်းပွန် မြို့နယ် ရုံး၊ မတ် ၂ ရက်နေ့ တွင် ရပ်စောက်မြို့နယ် အင်တောတို့၌ ရုံးများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တောင်ကြီး မြို့ နယ် SNLD ဥက္ကဌ က ပြောပါသည်။
မိုင်းပျဉ်းတိုက်နယ်ရုံးခွဲဖွင့်ပွဲ၌ ကျားခေါင်း ပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးက - ‘ကျနော် အခုရောက်လာတာ။ အမိန့်ပေးဖို့၊ ညွှန်ကြားဖို့ ရောက်လာ မဟုတ် ပါဘူး။ ကျနော်တို့တွေဟာ ခင်ဗျားတို့အပေါ်မှာဘဲမူတည်ပါတယ်။ ဘာတွေဖြစ်ချင်၊ ဘာတွေ လုပ်ချင်လဲ ဆိုတာ ပြောပြပါ။ လူရွေးထားပါ။ တောင်ကြီးမြို့မှာ ကျင်းပမယ့် မြို့နယ်အဆင့် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ တက်ဖို့အတွက်’ - ဟု ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း၌ မိုင်းပွန်မြို့နယ်ရုံးခွဲနှင့် ရပ်စောက် အင်တောရုံးဖွင့်လှစ်ပြီးလျှင် သျှမ်းပြည်၌ SNLD ရုံး ၃၃ ခု ရှိပြီဖြစ်ကြောင်း၊ သျှမ်းပြည်အရှေ့ပိုင်းဘက်လည်း ရုံးခွဲသုံးခုထပ်မံဖွင့်လှစ်ဖို့ရှိကြောင်း ခွန်ထွန်းဦးက ပြောပါသည်။

No comments:
Post a Comment