Tuesday, March 4, 2014

ကျန်းမာရေးစောင့်ရှောက်မှု မရှိသည့် မိခင်နှင့် ကလေးငယ်များအတွက် UNICEF အကူအညီဖြင့် ကာကွယ်ဆေးထိုးပေး

နေထူး

ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ ကျန်းမာရေးစောင့်ရှောက်မှု မရှိသည့် မိခင်နှင့်ကလေးငယ်များကို ကျန်းမာရေးကူညီစောင့်ရှောက်ရန် UNICEF မှ ကူညီထောက်ပံ့မှုဖြင့် ကာကွယ်ဆေးများ အခမဲ့လိုက်လံ ပြုလုပ်ပေး နေသည်ဟု မော်ချီးဒေသဘက်သို့လိုက်ပါသွားခဲ့သည့် ဆရာမရှားမြာက ပြောသည်။

ယခုကဲ့သို့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မိခင်နှင့်ကေးများ စောင့်ရှောင့်ရန်အတွက် လက်လှမ်းမှီသည့် ကျေးရွာများကိုသား သွားရောက်နိုင်ခဲ့သည်ဟု ဆရာမရှားမြာက ပြောသည်။

“ကျမတို့က အုပ်စုခွဲပြီး သွားနိုင်တဲ့ရွာတွေ (လက်လှမ်းမီတဲ့ရွာ) မှန်သမျှပေါ့နော အကုန်သွားပါတယ်၊ တချို့  ရွာတွေဆို လမ်းမပေါက် ခါကျတော့ သွားဖို့အခက်အခဲရှိလို့ မသွားနိုင်ဘူးပေါ့နော”


ယခုကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ရွာသို့ကြိုတင်ကာ စာပို့အကြောင်းကြားထားပြီး နီးစပ်ရွာများကို စုစည်းထားကြရသည်။

အချို့ သောရွာများသို့ ထိုကြော်ငြာစာသည် အရောက်နောက်ကျခြင်း၊ မရောက်ရှိသေးခြင်းများကြောင့် ရွာသားအချို့ တို့သည် မသိကြသဖြင့်မလာနိုင်ကြကြောင်း ဆရာမရှားမြာက ပြောသည်။

“အရင်အပတ်တွေကတည်းက ကြိတင်ပြီး စာပို့အကြောင်းကြား ထားပါတယ်။ ကျမတို့တော့ရောက်လာပြီ စာတော့ ခုထိမရောက်သးဘူး။ ကျမတို့လာတာကို ရွာသားတွေ မသိကြဘူးထင်တယ် ဒါကြောင့်လည်း တချို့တွေ မလာနိုင်ကြဘူးပေါ့”

မော်ချီးတိုက်နယ် ဆေးရုံတည်ရှိရာ လိုခါးလိုကျေးရွာသည်လည်း တောင်တက်တောင်ဆင်းများခြင်း၊ လမ်းကြမ်းတမ်းခြင်း၊ တောင်ပြိုကျခြင်းမကြာခဏ ကြုံတွေ့ရခြင်းတို့ကြောင့် သွားလာရခက်ခဲသောဒေသ ဖြစ်သည်။

မော်ချီးဒေသဘက်သို့ ၎င်းကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ဇန်နဝါရီလ အစောပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အခြားကျန်းမာရေး စောင့်ရှောက်မှုအပါအ၀င်၊ မိခင်နှင့်ကလေးများအား ကာကွယ်ဆေးထိုးပေးခြင်း၊ ကာကွယ်ဆေး တိုက်ကျွေးခြင်းများကို အဓိကထား ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။

မိခင်နှင့်ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသေအပျောက်နည်းပါးစေရန် လက်ရှိ ကျေးလက်ဒေသဘက်များတွင် သားဖွားဆရာ/မများ လုံလုံလောက်လောက် မရှိသေးကြောင်း ကျေးလက် သားဖွားဆရာမတဦးက ပြောသည်။

“အနည်းဆုံး အိမ်ခြေနှစ်ရာလောက်ဆို သားဖွားဆရာမတယောက် ရှိထားသင့်တယ်။ အခုက ကျေးရွာအုပ်စုလိုက် နှစ်စုသုံးစုမှ တယောက်ထားထားတော့ ဘယ်လိုမှမနိုင်ဘူး”

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မော်ချီးတိုက်နယ်ဆေးရုံအား ပြန် လည်ပြုပြင်မွမ်းမံပေးခြင်းနှင့် ဆေးရုံတွင် လစ်လပ်လျှက်ရှိသည့် ဆေးဘက်ကျွမ်းကျင် (၄) ဆေးစပ် နေရာကို ယခုနှစ်မကုန်မီ ခန့်အပ်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်းအောင်က ပြောဆိုခဲ့သည်။

ကျန်းမာရေးဌာနဆိုင်ရာအတွက် ဘတ်ဂျက်ကိုလည်း ၂၀၁၃-၁၄ခုနှစ်အတွင်း ကျပ်သန်းပေါင်း တသိန်းနှစ်သောင်း ရာထားကြောင်း သိရသည်။

No comments: