Monday, April 21, 2014

သစ်အလုံးလိုက်တင်ပို့မှုရပ်သဖြင့် လျော့ကျမည့် နိုင်ငံခြားဝင်ငွေ ပြန်ရရေး နှစ်နှစ်ခန့် အချိန်ယူရမည်

ထင်လင်းအောင်

သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းလိုက် ခြင်းသည် ပြည်တွင်းသစ်အချောထည်လုပ် ငန်းများအတွက် ကုန်ကြမ်းရရှိမှုများစွာ အဆင်ပြေသွားသော်လည်း သစ်တောထွက် ပစ္စည်းပို့ကုန်ရငွေ လျော့ကျမှုကိုမူ နှစ်နှစ် ခန့် ပြန်လည်အရှိန်ယူရမည်ဟု သစ်လုပ် ငန်းရှင်များက မဇ္ဈိမကို ပြောသည်။

သစ်တောထွက်ပစ်္စည်းတင်ပို့မှုမှ နိုင်ငံ ခြားဝင်ငွေရရှိမှု ပမာဏ၏ ၉၀ရာခိုင်နှုန်း ခန့်သည် သစ်အလုံးလိုက် တင်ပို့မှုမှရရှိခြင်း ဖြစ်ရာ ယင်းအားရပ်နားလိုက်ခြင်းကြောင့် လျော့ကျသွားမည့် နိုင်ငံခြားဝင်ငွေကိုမူ သစ်အချောထည် တင်ပို့ခြင်းဖြင့် အစားထိုး ရမည်ဖြစ်သည်ဟု ယင်းတို့က ဆိုသည်။

သို့ရာတွင် မြန်မာ့သစ်အချောထည် လုပ်ငန်းများသည် ဈေးကွက်အခက်အခဲများနှင့် နည်ပညာလိုအပ်ချက် များကို ဖြည့် ဆည်းရန် လိုအပ်နေခြင်းကြောင့် လျော့ကျ သွားမည့် နိုင်ငံခြားဝင်ငွေများကိုမူ ပြန်လည်ရရှိ ရေး အစားထိုးရန်မှာ အချိန်ယူဖြေ ရှင်းရန် လိုအပ်နေလျက်ရှိသည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း အထွေ ထွေ အတွင်းရေးမှူး ဦးဘာဘာချိုက မဇ္ဈိမ ကိုပြောသည်။

ဦးဘာဘာချိုက“အချောထည်တင်ပို့ မှုက အခုချိန်ထိ ဈေးကွက်အားနည်းမှု၊ နည်းပညာအားနည်းမှု တွေရှိနေသေးတော့ ဒါ တွေက ပြန်လုပ်ဖို့က အချိန်နှစ်နှစ်လောက် ယူရဦးမယ်။ အရင်ကတော့ ဈေးကွက်ရှိခဲ့ ပေမယ့် လိုတဲ့အချိန်မှာ လိုတဲ့ပမာဏကိုမပေး နိုင်လို့ ပျက်သွားခဲ့တဲ့အတွက် ပြန်လုပ်ရဦး မယ်။ နောက်ပြီး သစ်အချောထည် ထုတ်လုပ်မှု တိုးတက်လာဖို့က နည်းပညာတွေ ဖြည့်ရဦးမှာလေ။ အလုံးလိုက်တင်ပို့တာတွေ ရပ်လိုက်တာကြောင့် ပြည်တွင်းအချော ထည်လုပ်ငန်းတွေအတွက်တော့ ကုန်ကြမ်း ရရှိမှုမှာ အများကြီးအဆင်ပြေသွားစေတာ ပေါ့”ဟုပြောသည်။

ပြည်တွင်းသစ်အချောထည်လုပ်ငန်း ရှင်များသည် သစ်ကုန်ကြမ်းရရှိမှုများအတွက် မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချသည့် ကျွန်းသစ်၊ သစ်မာလုံးနှင့် သစ်ခွဲသားများကို တင်ဒါစနစ်ဖြင့် ပြန်လည်ဝယ်ယူရခြင်းဖြစ် ပြီး ပြည်ပပို့ကုန်အတွက်လဲ မြန်မာ့သစ် လုပ်ငန်းမှပင် တဆင့် ၀ယ်ယူတင်ပို့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ မြန်မာ့သစ် လုံးငန်းအနေဖြင့် သစ်အလုံးလိုက်တင်ပို့မှု ရပ်နားလိုက်ခြင်းသည် ပြည်တွင်း ကုန် ကြမ်း ရရှိမှုအတွက် များစွာအဆင်ပြေသွားသည် ဟုဆိုသည်။

မြန်မာ့သစ်လုံးငန်းမှ အရာရှိတစ်ဦးက“အလုံးလိုက်တင်ပို့ရပ်လိုက်လို့ လျော့သွား မယ့်ဝင်ငွေအတွက် အချောထည်အပြင် အခြားအစီအစဉ်တွေ ဆွဲထားတာရှိပါ တယ်။ ဒါပေမယ့် အဲဒါတွေက ရေရှည်အစီ အစဉ်တွေဖြစ်တော့ အသေးစိတ်က ၀န် ကြီးဌာနဘက်ကပဲ ပိုသိလိမ့်မယ်။ မကြာ ခင်မှာတော့ ဘယ်လို လုပ်သွားမယ်ဆိုတာ ကို ထုတ်ပြန်ပေးမယ်ထင်ပါတယ်”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြောကြားပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှရငွေသည် ကန်ဒေါ်လာ ၉၄၇ သန်းရှိ ခဲ့သည့်အနက် နိုင်ငံပိုင် လုပ်ငန်းဖြစ်သော မြန်မာ့သစ်လုပ်ငန်း၏ တင်ပို့မှုမှရငွေမှာ ကန်ဒေါ်လာ သန်း ၈၇၀ခန့်ရှိသည်ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ် မှုစာရင်းများတွင် ဖော်ပြထားသည်။

No comments: