ဝေမာသိမ့်၊ တင်ဇာအောင်
အစိုးရသစ်နှင့် မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ်သည် အရေးကြီးဆုံးနှစ် တစ်နှစ်ဖြစ်ပြီး အဓိက စိန်ခေါ်မှု သည် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်သူများက ဆိုကြသည်။
ဧပြီလဒုတိယပတ်အတွင်း ထုတ်ပြန်လိုက်သည့် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ထုတ်ပြန်ချက် တွင်လည်း ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည် ရွေးကောက်ပွဲမတိုင်မီ လုပ်ဆောင်ရ မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ၂၀၁၄ ခုနှစ်သည် အရေးပါသောနှစ်တစ်နှစ် ဖြစ်သည် ဟု လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံနှင့် လက်ရှိအစိုးရသစ်အတွက် အရေး ကြီးသည့် လုပ်ငန်းစဉ်ကြီးများဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုတောင်းဆိုမှုများ၊ နိုင်ငံရေး အင်အားစုများက ဝေဖန်မှုများနှင့် နိုင်ငံတကာ ဖိအားများကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအစပျိုးနိုင်ခဲ့သော် လည်း ပြင်ဆင်နိုင်ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ နှေးကွေးနေသည့်အပေါ်တွင်လည်း လက် ရှိအစိုးရသက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ပါ့မလားဟူသည့် မေးခွန်းများက ရှိနေသည်။ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် သမ္မတနှင့် တပ်မတော်၏ သဘောထားဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးကို အခန်း(၂)ပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ရန် သဘောထားရှိသည်ကို အတိအလင်းထုတ်ပြန် ထားခြင်းသည် နိုင်ငံရေးအင်အားစုများ၏ သဘောထားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမှုများက ဖွဲ့စည်း ပုံပြင်ဆင်ရေးတွင် လက်ရှိလွှတ်တော်ဖွဲ့စည်းပုံအရ ဒီမိုကရေစီစံနှုန်းများနှင့် အများပြည်သူ၊ နိုင်ငံရေး အင်အားစုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ ပြင်ဆင်လိုသည့် အချက်များကို ပြင်ဆင်နိုင်ရန် အဟန့်အတား ဖြစ်နေသည်။ ထိုအခြေအနေများ ဆက်လက်တင်းမာနေပါက နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာ မည်ကို စိုးရိမ်ရသည့်အနေအထားဖြစ်သည့် အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးသည်လည်း မြန်မာနိုင်ငံ အတွက် အရေးကြီးကဏ္ဍကြီး တစ်ရပ်ဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်သူတို့က ဆိုကြသည်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က “သမ္မတကြီး ပြောထားတဲ့ သဘောထားအရ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မူရင်းဘောင်အတွင်းကပဲ ပြုပြင်ခွင့် ရှိမယ်လို့ ပြောထားတာ ပြုပြင်လို့မရအောင် လုပ် ထားတဲ့အခြေအနေ ဖြစ်တဲ့အတွက် ဒီဟာက ရင်ဆိုင်ရမယ့် အရေးကြီးဆုံး စိန်ခေါ်မှုပဲ”ဟု ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်ရှိ မြန်မာနိုင်ငံတွင် ဧပြီလ ၅ ရက် မှ ၈ ရက်အထိ တစ်နိုင်ငံ လုံးအပစ်ရပ်စဲရေးဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးနိုင်မည့် မူကြမ်းရေးဆွဲရေးကိုလည်း အစိုးရ၊ တပ် မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်ပြီး ရန်ကုန်မြို့ ငြိမ်းချမ်းရေးပြန်လည်
ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဆွေးနွေးညှိနှိုင်းခဲ့ပြီးသော်လည်း မူကြမ်း ထွက်လာသည်အထိ ညှိနှိုင်းမှုမရသေးဘဲ ဆက်လက်ဆွေးနွေးမှုများ ကျန်ရှိနေသည့် အခြေအနေပင်ဖြစ်သည်။ ထိုသို့ အပစ်ရပ် ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မူကြမ်းရေးဆွဲရေးကြိုးပမ်းနေချိန်တွင် တစ်ဖက်တွင်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA))နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ် ပေါ်နေလျက်ရှိသည်။ ထိုအခြေအနေများ ကြောင့် ငြိမ်းချမ်းရေးသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီး သည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများနှင့် နိုင်ငံရေးသမားများက သုံးသပ်ကြသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “နိုင်ငံရေးမှာ လိုဘတွေကိုချည်း ကြည့်လို့ မရဘူး။သည်းခံ စိတ်ရှည်မှုတွေ နှစ်ဖက်စလုံးမှာလိုပါတယ်။ ဒီအစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေး မရရင် အခုလိုမျက်နှာချင်းဆိုင် တွေ့ဆုံနိုင်မှုတွေ ခဲယဉ်းသွားမှာဖြစ်သလို လက်ရှိရရှိပြီးသား ငြိမ်းချမ်းမှုအတွက် လည်း အတော်ကြီး ခက်ခဲသွားလိမ့်မယ်”ဟု ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တစ်ပြည်လုံး အပစ်ရပ်စဲရေး အတွက် ၂၀၁၅ ခုနှစ်အထိ နှစ်ဖက်ယုံကြည်မှု တည်ဆောက်သွားနိုင်သည့်အဆင့်ကိုလုပ် ဆောင်နိုင်သည့် အလားအလာများရှိသည်ဟု သုံးသပ်သည်။ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံပြု လုပ်ရန်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးကြရန် တိုက်တွန်းထားသည်။
No comments:
Post a Comment