နန်းလွင်နှင်းပွင့်
ကျောက်မဲမြို့နယ်တွင် နေသော သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း နေအိမ်ဝင်းအနီးရှိ သစ်ဆိုင်အတွင်း တရားမ၀င်သစ်ရှိမရှိ ၀င်ရောက်စစ်ဆေးခံရခြင်းနှင့် ပတ်သက်၍ တိကျသည့် အဖြေတစ်စုံတစ်ရာ မသိရှိရသေးဟု သီပေါမြို့နယ် လွှတ်တော်အမတ် ဦးရဲထွန်းက မဇ္ဈိမကို ပြောသည်။
ပရိဘောဂဆိုင်မှာ “ဒေါ်နန်းစိန်ဥရဲ့ စိန်နဂါး ပရိဘောဆိုင်" အမည်ဖြစ်ပြီး ဦးရဲထွန်း၏ ဇနီး ပိုင်သည့် ဆိုင်ဖြစ်သည်။ ဆိုင်အတွင်းသို့ သစ်တော်ဦးစီးဌာနက အရာရှိများက တိုင်ကြားစာများအရ ဧပြီ ၂ရက်က သွားရောက် စစ်ဆေးခဲ့သည်။
ဦးရဲထွန်းက “လာစစ်တုန်းက သစ်ရှိတာတွေကို တိုင်းထွာတယ်၊ ဆိုင်ကနာမည်နဲ့ လိုင်စင်နဲ့ တရားဝင် သစ်ပြေစာတွေလည်း ရှိတယ်၊ ဒါပေမယ့် သစ်တော လုပ်ထုံးလုပ်နည်းတွေ မလုပ်မိတာတော့ရှိတယ်၊ ဘယ်လိုလဲဆိုတာတော့ ဘာမှ အဖြေမထွက်သေးဘူး"ဟု ပြောသည်။
ပရိဘောဂဆိုင်သို့ ဧပြီ ၂ ရက်တွင် ကျောက်မဲ သစ်တောခရိုင်ဦးစီးမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သစ်တော လုပ်ထုံးလုပ်နည်းများ ဖြစ်သည့် တရားဝင် ၀ယ်ထားသည့် သစ်ပြေစာများ လာရောက်ပြသခြင်း၊ အလုံးလိုက်သစ်များအား ပြန်လည်ခွဲစိတ်ခွင့်၊ ဖြတ်သန်းခွင့် စသည့် ကိစ္စရပ်များကို ဆောင်ရွက်ထားမှု မရှိဟု လာရောက်စစ်ဆေးသည့် သစ်တောခရိုင် ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသွားသည်ဟု ဦးရဲထွန်းက ပြောသည်။
“သစ်တွေက ပရိဘောဂမှာသုံးပြီးရင် လစဉ်ပုံမှန် ကုန်ကျမှုတွေကို နှုတ်ရတယ်၊ လက်ကျန်ပြရတယ်၊ ဒါတွေ မလုပ်ထားလို့ပါ" ဟု ရှင်းပြသည်။
သစ်တောဦးစီးမှ ၀င်ရောက် စစ်ဆေးခြင်း ပြုလုပ်ခံရသည့် ဆိုင်မှာ ဦးရဲထွန်း၏ ဇနီးပိုင်ဖြစ်သော်လည်း ဦးရဲထွန်းအနေဖြင့် မိမိပိုင်မဟုတ်ကြောင်း၊ လုပ်ငန်းဆက်စပ်မှု မပြုလုပ်ကြောင်း မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment