Monday, April 21, 2014

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်

ABC

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတက်ရောက် ​ဆေးကုသမှု ​ခံယူနေတဲ့ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ရဲ့ ​နယက ​သတင်းစာ ​ဆရာကြီး ​ဟံသာဝတီ ​ဦးဝင်းတင်ဟာ ​ဧပြီ ​၂၁ရက် ​မနက် ​၆း၃၀နာရီမှာ ​ကျောက်ကပ်ရောဂါနဲ့ ​ကွယ်လွန် ​သွားပါတယ်။

ဆရာကြီး ​ဦးဝင်းတင်ဟာ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ကိုတည်ထောင်ခဲ့သူတွေထဲက ​တဦးဖြစ်ပြီး ​ကွယ်လွန်ချိန်မှာ ​အသက် ​၈၄ ​နှစ်ရှိပြီလို့ ​သိရပါတယ်။

နာမကျန်းဖြစ်ခဲ့တဲ့ ​ဦးဝင်းတင်ဟာ ​ကျောက်ကပ်အခြေအနေ ​မကောင်းတာကြောင့် ​ကျောက်ကပ်ကို ​သုံးကြိမ်မြောက်ဆေးပြီးတဲ့နောက် ​ကွယ်လွန်သွားတာ ​ဖြစ်ပါတယ်။

ဆရာကြီးဟာ ​နိုင်ငံရေး ​အမှုနဲ့ ​အနှစ် ​၂၀ ​နီးပါး ​ထောင်ကျခဲ့တဲ့ ​နိုင်ငံရေး ​အကျဉ်းသားဟောင်း ​တဦးလည်းဖြစ်ပါတယ်။

No comments: