ခင်မြတ်မြတ်ဝေ
မသန်စွမ်းသူများအတွက် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ဦးစီးကာ ပထမအကြိမ်ပြုလုပ်ပေးသည့် ရေကစားမဏ္ဍပ်တွင် မသန်စွမ်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေမည်ဟု ယင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က မဇ္ဈိမကို ပြောသည်။
“မသန်စွမ်းသူတွေအတွက် ဒီနှစ်ကတော့ ပထမဦးဆုံးလုပ်တာပါ၊ မသန်စွမ်းတဲ့ သူတွေထဲမှာက ဂီတာတီးတက်တဲ့သူတွေ၊ သီချင်းဆိုတက်တဲ့သူ၊ ကတာဝါသနပါတဲ့သူတွေက ဖျော်ဖြေရေး လုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောသည်။
ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပျော်ပွဲရွှင်ပွဲများတွင် မသန်စွမ်းသူများ အနေဖြင့်လည်း အများတန်းတူ ပါဝင်ရန် လိုအပ်ပြီး လူမှုအသိုင်းအဝိုင်းတွင် နောက်ကျမကျန်ခဲ့စေလိုသဖြင့် ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ် စတင်လုပ်ပေးခြင်းဖြစ်သည်ဟု ဦးအောင်ကိုမြင့်က ပြောသည်။
မသန်စွမ်းသူများ၏ သင်္ကြန်ရေကစား မဏ္ဍပ်သည် အယောက် ၃၀ခန့် ဆန့်ပြီး အလုံမြို့ အောက်ကြည့်မြင်တိုင်လမ်းပေါ်တွင် ဆောက်လုပ်ထားသည်။ ထိုမဏ္ဍပ်တွင် မသန်စွမ်းသူ မည်သူမဆို အခမဲ့ လာရောက်ရေကစားနိုင်ပြီး နေ့စဉ် မသန်စွမ်းသူများက အက၊ ဂီတများဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။
No comments:
Post a Comment