ကေဇူး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်မဏ္ဍပ် တစ်ခုသာဆောက်လုပ်မည်ဖြစ်ပြီး လုံခြုံရေးအတွက် စစ်တပ်အကူအညီယူမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်က ဧပြီ ၁၀ရက်တွင် မဇ္ဈိမကိုပြောသည်။
စစ်တွေမြို့ ဦးဥတ္တမလမ်းတွင် ဗဟိုမဏ္ဍာပ်တစ်ခုသာ ဆောက်လုပ်မည်ဖြစ်ပြီး စစ်တွေမြို့တွင် လုံခြုံရေးကို တိုးမြှင့်ချထားပေးမည်ဟု ၎င်းကပြောသည်။
“ဒေသခံတွေကလည်း မဏ္ဍပ်မဆောက်လို့လည်း မဖြစ်တော့ တစ်ခုတော့ဆောက်တယ်၊ လုံခြုံရေးအတွက်တော့ ရဲတပ်သားတွေအပြင် စစ်တပ်ကိုလည်း အကူအညီတောင်းထားတယ်”ဟု ဦးလှဟန်ကပြောသည်။
ယခုနှစ်သင်္ကြန် ကာလတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင်လည်း သင်္ကြန်မဏ္ဍာပ်ဆေက်လုပ်မည်မဟုတ်ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
သင်္ကြန်မဏ္ဍပ်တစ်ခုသာ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စစ်တွေဒေသခံတစ်ဦးဖြစ်သည့် ဦးစံထွန်းကျော်က “သင်္ကြန်ကားနဲ့ သင်္ကြန်လည်ရင်တောင် မဏ္ဍာပ်တစ်ခုပဲရှိတယ်ဗျာ၊ သိပ်တော့အဆင်မပြေဘူးပေါ့”ဟု မဇ္ဈိမကိုပြောသည်။
စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။ သင်္ကြန်မဏ္ဍာပ်များ ဆောက်လုပ်မှုမှာ ယခင်နှစ်များထက် ထက်ဝက်ခန့်လျော့နည်းခဲ့သည်ဟု မြောက်ဦးဒေသခံများကပြောသည်။
No comments:
Post a Comment