Monday, April 7, 2014

ရခိုင်ဒုက္ခသည် စခန်းများ သန်းခေါင်စာရင်း ကောက်ယူပြီးစီး

မြတ်ကျော်သူ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက်္ခသည် စခန်းများကို သန်းခေါင်စာရင်းကောက်ယူမှု ပြီးဆုံးသွားပြီ ဖြစ်ပြီး အများစုမှာ ရိုဟင်ဂျာဟု ထည့်သွင်းသည့် အတွက် သန်းခေါင်စာရင်းတွင် ဖြည့်သွင်းခြင်းမရှိဟု ဘင်္ဂါလီ ရပ်မိရပ်ဖ ဦးအောင်ဝင်းက ဧပြီ ၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဒုက်္ခသည်စခန်းပေါင်း ၁၆ ခုနှင့် အခြားစာရင်းမသွင်းသည့် ဒုက္ခသည် စခန်းငယ်များရှိပြီး အများစုမှာ စစ်တွေမြို့တွင် တည်ရှိကာ ပေါက်တောနှင့် မြောက်ဦးမြို့နယ်တို့တွင် စခန်းငယ်များရှိသည်။ ယခုပြီးစီးမှုသည် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ အားလုံးတွင် ကောက်ယူပြီးစီး ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်မှုများကြောင့် ပဋိပက္ခများရှိခဲ့သော်လည်း အခြားတိုင်းနှင့်ပြည်နယ်များ နည်းတူ သန်းခေါင်စာရင်းကောက်ယူမှု ပြုလုပ်ခဲ့ပြီး ဘင်္ဂါလီ ဒုက္ခသည်စခန်းများကိုမူ ၂၉ ရက်တွင် စတင် ကောက်ခံခဲ့သည်။

သန်းခေါင်စာရင်းကောက် ၀န်ထမ်းများက စစ်တွေရှိ ဘင်္ဂါလီကျေးရွာများနှင့် ဒုက္ခသည်များကို သန်းခေါင် စာရင်းကောက်ရာတွင် ”ရိုဟင်ဂျာ” ဟု ပြောဆိုသည့် မိသားစုများကို နောက်တစ်ကြိမ် ပြန်လာမည်ဟု ပြောဆိုခဲ့ခြင်းကို မဇ္ဈိမက တွေ့ရှိခဲ့သည်။

“သူတို့ (သန်းခေါင်စာရင်းကောက်သူတွေ)ကတော့ နောက်တစ်ကြိမ် လာကောက်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့မယုံဘူး” ဟု ဦးအောင်ဝင်းက ဆိုသည်။

No comments: