Thursday, April 10, 2014

တိုင်းရင်းသား မဟာမိတ်အဖွဲ့နဲ့ အပစ်ရပ် ညှိနှိုင်းရေး အဖွဲ့တို့ တွေ့ဆံ

ABC

ရန်ကုန်မြို့မှာရောက်ရှိနေတဲ့ ​တနိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​ဆိုင်ရာ ​ညှိနှိုင်းရေး ​အဖွဲ့ ​(NCCT) ​က ​တိုင်းရင်းသား ​ခေါင်းဆောင်တွေနဲ့ ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​မဟာမိတ် ​အဖွဲ့(UNA)က ​ခေါင်းဆောင် ​တွေဟာ ​ရန်ကုန်မြို့မှာ ​မနေ့ကတွေ့ ​ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲ ​အတွင်း ​အစိုးရနဲ့ ​aဆွးနွေးနေတဲ့ ​တနိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ် ​ရပ်စဲရေး ​အခြေအနေတွေနဲ့ ​ပတ်သက်ပြီး ​ရှင်းပြခဲ့တာဖြစ်ပြီး ​တနိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ်ရေး ​ထိုးတဲ့အခါ ​တိုင်းရင်းသား ​နိုင်ငံရေးပါတီ ​ခေါင်းဆောင်တွေ၊ ​ထင်ရှားတဲ့ ​နိုင်ငံရေး ​ခေါင်းဆောင်တွေကို ​ပါဝင်လက် ​မှတ်ရေးထိုး ​စေလိုတဲ့ဆန္ဒရှိကြောင်း ​NCCT ​ခေါင်း ​ဆောင် ​တွေ ​က ​ပြောခဲ့ ​တယ်လို့ ​UNA ​ခေါင်း ​ဆောင် ​တစ်ဦးဖြစ်တဲ့ ​ဦးအေးသာအောင်က ​အခုလိုပြောပါတယ်။

“အစိုးရက ​အပစ်အခတ် ​ရပ်စဲရေး ​အတွက်ဆွေးနွေး ​နေတယ်ဆိုတော့ ​စစ်ရေးကိစ္စ ​အဓိကပါမယ်၊ ​ရေရှည် ​အပစ်အ ​ခတ်ရပ်စဲရေး ​တည်တံ့ခိုင်မြဲဖို့အတွက် ​ဘယ်လိုလုပ်ကြမယ်ဆိုတာ ​အဓိကပါမယ်၊ ​ဒါပေမဲ့ ​တကယ့် ​တကယ် ​နိုင်ငံရေးအရ ​ဆွေးနွေးကြတဲ့အခါမှာ ​တိုင်းရင်းသား ​နိုင်ငံရေးပါတီ ​ခေါင်းဆောင် ​တွေပါဖို့ ​လိုမယ်လို့ ​သူတို့ကလည်း ​သဘောတူတယ်၊ ​တကယ်တမ်း ​တနိုင်ငံလုံး ​အတိုင်းအတာနဲ့ ​လက်မှတ်ရေး ​ထိုးတဲ့အခါမှာလည်း ​ခွန်ထွန်းဦးတို့လို ​ကျနော်တို့လို ​ပုဂ္ဂိုလ်တွေ ​ပါဝင်စေချင် ​တယ်လို့ ​ပြောပါတယ်၊ ​ဒေါ်အောင်ဆန်းစုကြည်လို ​ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ ​သမ္မတလို ​ပုဂ္ဂိုလ်တွေ၊ ​လွှတ်တော် ​အကြီးအကဲ ​ပုဂ္ဂိုလ်တွေ၊ ​နိုင်ငံတကာကလည်း ​ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ​ပါမယ်လို့ ​ပြောပါတယ်။” 
ဒါ့အပြင် ​NCCT ​ခေါင်းဆောင်တွေက ​ဆွေးနွေးပွဲလက်ရှိ ​အခြေအနေအရ ​နှစ်ဘက်ကြားမှာ ​ကွဲလွဲမှုတွေရှိနေပေမယ့် ​လောလောဆယ်မှာတော့ ​နှစ်ဘက်သဘောတူတဲ့မူကြမ်းတခုကို ​ရရှိထားပြီးဖြစ်တဲ့အကြောင်းကိုလည်း ​UNA ​ခေါင်း ​ဆောင်တွေကို ​ရှင်းပြခဲ့ပါတယ်။

UNA ​ခေါင်းဆောင်တွေက ​အပစ်အခတ်ရပ်စဲရုံနဲ့ ​ငြိမ်းချမ်းရေးမရနိုင်ကြောင်း ​ငြိမ်းချမ်းရေးရရှိရေးအတွက် ​နိုင်ငံရေးအရဆွေးနွေးဖို့ ​လိုအပ်တဲ့အကြောင်း ​NCCT ​အဖွဲ့ခေါင်းဆောင်တွေကိုအကြံပြုခဲ့တယ်လို့ ​ဦးအေး ​သာအောင်ကပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: