ဇော်ဇော်ထွေး
အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးမှုတွင် မည်သည့်ယာဉ်က တိုက်သွားမှန်းမသိရဘဲ ဦးခေါင်းကြေနေပြီး တိုက်ကြီးမြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးဖော်ထုတ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်-ပြည်ကားလမ်း အုတ်ပုံကျေးရွာ မိုင်တိုင်အမှတ် (၅၉/၁) အနီးတွင် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံ ရသဖြင့် သေဆုံးကြောင်း နံနက် ၇ နာရီ သတင်းရ တိုက်ကြီးရဲစခန်းက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ အမည်မသိ နေရပ်လိပ်စာ စုံးစမ်းဆဲဖြစ်ပြီး ဦးခေါင်းခွံကွဲ၊ ဦး နှောက်ထွက်၊ ယာလက် ကောက်ဝတ်ကျိုး ဒဏ်ရာ၊ ယာဘက်ခါးဘေးပွင့်အူထွက်၊ ၀ဲ/ ယာခြေသလုံးကျိုး ဒဏ်ရာများနှင့် သေဆုံး လျက်တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
“လူက ဘယ်သူမှန်းကို မသိတာ၊ ခေါင်းကကြေပြီး၊ ခြေထောက်တွေကို ပြတ်နေတာ။ဘယ်အချိန်က တည်းက တိုက်သွားမှန်းလဲ မသိဘူး။ ကျွန်တော်တို့ ရွာကလည်း မဟုတ်ဘူး” ဟု အနီးရှိ အုတ်ပုံကျေးရွာ မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် မည်သည့်အချိန်၊ မည်သည့်ယာဉ်က တိုက်သွားမှန်းမသိရသေးဖြင့် ယာဉ်တိုက် မှုကျူးလွန်ပြီး မောင်းနှင် ထွက်ပြေးသူကို စုံစမ်းဖော်ထုတ်ပေးရန် ဒု-ရဲအုပ်သိန်းလွင်က တရားလို ပြုလုပ် တိုင်တန်းထားသည်။
No comments:
Post a Comment