Wednesday, April 2, 2014

ကြွက်ဖမ်းနေသည့် ကလေးတစ်ဦး စပါးမြွေ

ဇော်ဇော်ထွေး

ကလေးတစ်ဦး စပါးမြွေ လှေ့စက်ဖြင့် ကြိတ်မိသေဆုံးခဲ့သဖြင့် ခလောက်ချိုက်နယ် မြေရဲစခန်းက မတ်လ ၂၉ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီခွဲက တွံတေးမြို့နယ် ရွာဘုံကျေးရွာရှိ လယ်ကွင်းတွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ဦးထွန်းထွန်းဆိုသူ ပိုင်ဆိုင်သည့် လယ်ကွင်းတွင် လယ်လုပ်သား သန်းထိုက်အောင် (၂၃) နှစ်က ကိုဘိုတာ အဖြူ/အနီရောင်ကြား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းပြီး၍ ယာဉ်အား နောက်ပြန်ဆုတ်စဉ် လယ်တဲတွင် ကြွက်ဖမ်းနေသည့် ကျော်ကျော်ထွန်း (ခ)ဗီုက်ကြီး (၁၃)နှစ်ကို တက်ကြိတ်မိခဲ့ခြင်း ဖြစ်သည်။

စပါးခြွေလှေ့စက်ကြိတ်မိသည့် ဗိုက်ကြီး (ခ) ကျော်ကျော်ထွန်းတွင် ဦးခေါင်းဝဲဘက်နာရွက် နောက်ဖူးရောင် ညိုမဲဒဏ်ရာ၊ နောက်ကျောဖူးရောင်ဒဏ်ရာများရရှိပြီး တွံတေးဆးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း ကနဦး သိရှိထားရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်ကြောင့် သန်းထိုက်အောင်ကို စပါးမြွေလှေ့စက်အား ပေါ့ဆစွာ မောင်းနှင်သူအဖြစ် အရေးယူပေးရန် ရဲအုပ် ထင်လင်းက တရားလိုပြုလုပ် တိုင်တန်းထားပြီး ယင်းတိုင်တန်းမှုကို ခလောက်ချိုက်နယ် မြေရဲစခန်း က (ပ)၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄ က ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို စစ်ဆေး လျက် ရှိသည်။

No comments: