Saturday, April 19, 2014

ပြင်းထန်သော စစ်ဆင်မှု အခြေအနေ မှ ဘာကြောင့် တိုက်ပွဲ ငြိမ်သက်သွား ခဲ့တာလဲ

ရွှေဟင်္သာ

အစိုးရ တပ်ဖွဲ့များ သည် ရိက္ခာ၊ စစ်ကူ ရယူရန်နှင့် လူနာ သယ်ထုတ်ရန် အတွက် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက် ခံတပ်ရင်း (၂၇) နှင့် တပ်ရင်း (၁) ဧရိယာ တို့တွင်ပြင်း ထန်စွာ စစ်ဆင်နေ ရင်းမှ ယမာန်နေ့ နေ့လည် (၁၂)နာရီ မှ ယနေ့ညနေ (၂) နာရီ သတင်း မေးမြန်း ချိန်ထိ တိုက် ပွဲငြိမ် သက်လျှက် ရှိ သည် ဟု KIA တပ်ရင်း (၁) မှူးးဗိုလ်မှူး ယိုထုံ ကရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့ပါသည်။

“သူတို့ကရိက္ခာနဲ့ စစ်ကူတွေ ဖြည့်နေတယ်။ ဘာဆက်လုပ် မလဲတော့ ကြည့်နေ တယ်။ လောလော ဆယ်တော့ ရိက္ခာယူ ရင်းနဲ့လူနာတွေ သယ်ထုတ်နေ တယ်။ အထူးသဖြင့် ဗန်းမော် ဖက်ကို ပို့နေတယ်။ အဲဒီ အတွက် လမ်း လုံခြုံရေး ယူနေရ လို့တိုက်ပွဲ မဖေါ်နိုင်တာ လည်းပါမယ်။” ဟုဆိုပါသည်။

တပ်ရင်း (၁) ဧရိယာတွင် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ နည်းဗျူဟာ (၂)ခုမှ အင်အား (၈၀၀) ကျော်နှင့် တပ်မ (၉၉) မှစစ်ကူ များဖြင့်စစ် ဆင်ခဲ့ခြင်းဖြစ်ပါ သည်။ ထိုစစ်ကြောင်း များနှင့်ယ မာန်နေ့မနက်ပိုင်း ၌ပြင်းထန် စွာတိုက် ပွဲဖြစ်ပွား သည့် အတွက် ထိခိုက်မှုများ ဖွယ်ရှိနြေ ပီး ယနေ့မနက် ပိုင်း၌ လူနာ ပို့ပြီး ရိက္ခာ ယူရန် စီစဉ်နေရ သဖြင့် တိုက်ပွဲ များရပ် တန့်ထားကြောင်း။

တပ်ရင်း(၁) နှင့်ဖြစ် ပွားသော ယမန်နေ့တိုက်ပွဲတွင် အစိုးရ ဖက်မှ (၅၀) ၀န်းကျင်ခန့်ထိခိုက်ကျ ဆုံး ဒါဏ်ရာ ရဖွယ် ရှိနိုင်ကြောင်း၊ အထူး သဖြင့် စကခ (၂၁)မှ ခမရ (၆၀၁)၊ ခမရ (၆၀၂) နှင့် ခလရ (၂၇၆) တပ်ဖွဲ့များ အထိနာ ခဲ့ပုံရကြောင်း ဆိုပါသည်။ ထိုထဲတွင် ခမရ (၆၀၂) စစ်ကြောင်းသာ ထိပ်တိုက် ရင်ဆိုင် ခဲ့သဖြင့် ၄င်းသည် သာ ပိုမိုထိခိုက်နိုင် မည်ထင်ကြောင်း ၊တပ်မ (၉၉) စစ်ကြောင်း များသည် စစ်ကူနှင့် လမ်းခြုံရေး တွင်တာဝန် ယူဖွယ်ရှိပြီး ကန့်တောက် တပ်ဖွဲ့များနှင့် သာတိုက် ခိုက်ခဲ့ကြ သည်ဟု ဆိုပါသည်။

အလားတူတပ်ရင်း (၂၇) ဧရိယာတွင် လည်း လူနာများ ပို့နေပြီး စစ်ကူနှင့် ရိက္ခာဖြည့် တင်းနေသည့် အတွက် တိုက်ပွဲများ ရပ်တန့် ထားပုံရသည် ဟု ဗိုလ်မှူး ယို ထုံက ဆိုပါသည်။ တပ်ရင်း (၂၇) တပ်ဖွဲ့များလည်း လူထု လုံခြုံရေး နှင့်နေရာချ ထားရေးကို ဦးစားပေးနေ ရသဖြင့် သတ်မှတ်ချိန် တွင်တိုက် အားများပြန် လည် စုဆောင်းနိုင်ခြင်း မရှိဟု ဆိုပါသည်။

တပ်ရင်း (၂၇) ဧရိယာ သို့ရောက် ရှိနေသော အစိုးရ တပ်များသည် စကခ (၁၆) တပ်များနှင့် တပ်မ (၈၈) စစ်ကြောင်း များဖြစ်ကြောင်း ၊အင်အား (၂၀၀၀) ကျော် ရှိနိုင်ပြီး စစ်ကူ များပို့နေ ဆဲဖြစ် သည်ဟု ဆိုပါသည်။ KIA တပ်ရင်း (၂၇) တပ်ဖွဲ့များ ကလည်း ယမာန်နေ့ မနက် ပိုင်း၌ အစိုးရ တပ်များ အားပြန်လည် စစ်ဆင် ခဲ့သော်လည်း သတ်မှတ်ချိန် တွင် စစ်ကူ မရသဖြင့် ၄င်းတို့ လည်းငြိမ် သက်လိုက် ရကြောင်း ဆိုပါသည်။

KIA တပ်ရင်း (၂၇) တပ်ဖွဲ့များ သည် စစ်ပြေး ဒုက္ခသည် များအားဘေး ကင်းလုံခြုံစွာနေ ရာချပေးနေ ရပါသည် ။ပြီးခဲ့သည့် ဇန္နာဝါရီ လ တပ်ရင်း (၁၂) စစ် ဆင်ရေး တွင်လည်း KIA တပ်များသည် လူထုအား ငဲ့ညှာသော အားဖြင့် ၄င်းဒေသ မှဘေးကင်း စွာထွက် ခွာနိုင်ခဲ့ သည်အထိ အချိန် ယူစောင့်ဆိုင်ြး ပီးမှ တန်ပြန် စစ် ဆင်နိုင်ခဲ့ပါသည်။

KIA တပ်ဖွဲ့များသည် ရိက္ခာအင် အားဖြည့် တင်းပြီး၊ ထပ်မံ စစ်ဆင်လာမည့် အစိုးရ တိုက်ကွက် ကိုသာ ဦးစားပေး အကဲခတ်ဦး မည်ဟု ဆိုပါသည်။ ၄င်းတို့ ရည် မှန်းချက် အမှန်သည် အင်ဘာ ပါဒေသ စိုးမိုးရေး ဟုတ်မ ဟုတ်နှင့် တခြားရည်ရွယ် ရှိမရှိ စောင့်ကြည့် ဦးမည်ဟု ဆိုပါသည်။

ဤအခြေ အနေအတိုင် ဆိုပါက နှစ်ဖက် စလုံးမှအချိန် ယူပြီးပြင် ဆင်နေရ သည်မှာ ထင်ရှားလှပါ သည်။ အစိုးရ တပ်များ သည် ရိက္ခာနှင့် စစ်ကူဖြည့် တင်းပြီးပါက အင်ဘာပါဒေသ တရုတ်မြန် မာ ကုန်သွယ်ရေး လမ်းကြောင်း ကိုဖွင့်လှစ် ဖွယ်ရှိနိုင်ေ ကြာင်း ခန့်မှန်း ရပါသည်။ သို့မဟုတ် ပါကဒေသ စိုးမိုးရေး စစ်ဆင်ရေး အတွက် သာဖြစ်နိုင် ပါသည်။

သို့သော် ရည်မှန်းချက် မည်သို့ပင်ရှိစေ ၊တပတ်ကြာ စစ်ဆင်ရေး တွင်အစိုးရ ဖက်မှ စစ်ရေး အရအပေါ် စီးရခဲ့ကြောင်း ၊အင်အားလေး ဆတဆ ခန့်ကွာသည့် စစ် ဆင်ရေး ကို KIA မှ မည်သို့ တုန့်ပြန် မည်ကိုစောင့် ကြည့်ရ ဦးမည်ဖြစ် သည်။

အလားတူ ပြီးခဲ့သည့် ဇန္နာဝါရီလ ၌ စကခ (၂၁) ၏ KIA တပ်မဟာ (၃) မှ တပ်ရင်း (၁၂) အပေါ်လေးလ ကြာစစ်ဆင်ရေး တွင်လည်း ပထမပိုင်း အဆင့်၌ KIA ဖက်မှ ဆုတ်ခွာပေးခဲ့ သည်။ နောက်ပိုင်း တွင် KIA တပ်ရင်း (၁၂)ဖက် ၏ တန်ပြန်တိုက် စစ်ကို နည်းဗျူဟာ (၆)ခု မျှခု ခံခဲ့ ရပြီး အစိုးရ တပ်များသည် အ၀ိုင်းခံရ သည့်အပြင် မြောက်ပိုင်းတိုင်း တိုင်းမှူး ၏တောင်း ဆိုခဲ့ ရမှုနှင့် အတူ အထိခိုက် အကျအဆုံး များစွာဖြင့် စစ်ဆင်ရေး ကိုရပ် တန့်ခဲ့ရပါသည်။

No comments: