ဇော်ဇော်ထွေး
လက်ထောက်ကျန်းမာရေးမှူးတစ်ဦးက လူနေအဆောင်ကို မီးရှို့ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှု တစ်ခုကို ဧပြီ ၇ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အမှုမှာ လှိုင်သာယာမြို့နယ်တွင် (၆) ရပ်ကွက် အောင်မြေသာယာဘုရားလမ်း၊ အမှတ် (၄၁၀)ရှိ ဦးသန်းဌေးအောင် ပိုင်ဆိုင်သည့် ချမ်းမြေ့အဆောင်တွင် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် အဆောင်တွင် ငှားရမ်းနေထိုင်သည့် ဒေါ်ခင်နှင်းဖြူထံသို့ ၎င်း၏တူမဖြစ်သူ မစန်းသန္တာကိုမှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာန၊ စိမ်းလန်းကျေးရွာမှ လက်ထောက်ကျန်းမာ ရေးမှူးဖြစ်သူ ခင်မောင်ဆွေ (၃၆)နှစ်နှင့် အဆင်မပြေသဖြင့် လာရောက်နေထိုင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့နောက် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီတွင် ခင်မောင်ဆွေဆိုသူမှာ မစန်းသန္တာကိုထံ လာရောက်ခဲ့ရာ အတွေ့မခံဘဲ ပုန်းအောင်းနေခဲ့သည်ဟုလည်း တရားလိုက ရဲထံတွင် ထွက်ဆို တိုင်တန်းထားသည်။
ထိုအခါတွင် ခင်မောင်ဆွေက အရက်မူးပြီး နေအိမ်အား မီးရှို့ခဲ့ရာ အဆောင်ခြံစည်းရိုးမှ အ၀တ်အထည် များနှင့် ပလတ်စတစ်ရေတိုင်ကီ အမိုးတာလပတ်တို့ မီးလောင်ကျွမ်းခဲ့ပြီး အဆောင်နေသူများနှင့်ပတ်ဝန်း ကျင်နေသူများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။
ယင်းမီးလောင်မှုတွင် တန်ဖိုးကျပ် ၂၅၀၀ ဆုံးရှုံးခဲ့ပြီး မီးရှို့သူကို အရေးယူပေးရန် အဆောင်ပိုင်ရှင်ဖြစ်သူ ဦးသန်းဌေးအောင်က တရားလိုပြုလုပ် တိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၄၆၀/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ဖမ်းဆီးစစ် ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၃၆ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။
No comments:
Post a Comment