Saturday, April 19, 2014

ထန်တလန် – လုံလဲရ် ကားလမ်းဖောက်လုပ်မှု လူထု မကျေနပ်


Alpha – Omeca Company က ဖောက်လုပ်နေသည့် ထန်တလန် – လုံလဲရ်ကားလမ်းသည် သတ်မှတ်ချက် ၂၄ ပေ မပြည့်မှီသည့်အပြင် အချိန်မှီ မပြီးစီးနိုင်သည့်အပေါ် ဒေသခံလူထု မကျေနပ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရက လမ်းအကျယ် ၂၄ ပေ၊ လမ်းကွေ့ ၃၄ ပေဖြင့် ဖောက်လုပ်ရန် ၂၀၁၃ မှ ၂၀၁၄ ခုနှစ် မတ်လ အတွင်း အပြီးဖောက်လုပ်ရန် ချမှတ်ထားခြင်းဖြစ်ပြီး လမ်းအကျယ် ပေ ၂၀ ၊ လမ်းအကွေ့ ၂၄ ပေခန့် သာရှိကြောင်း The Hakha post က ရေးသားထားသည်။

” မြေစာနဲ့ဆို ၂၄ ပေရှိမှာပါ၊ မိုးကျလာယင် မြေစာက မျောကုန်မှာပဲလေ၊ ရေမြောင်းလည်းမဖောက်ဘူး” ဟု ဒေသ ခံတဦးက ပြောသည်။

ကားလမ်းအချိန်မှီ မပြီးစီးနိုင်သည့်အပြင် ရေမြောင်းလည်း ယခုထိ မဖောက်သေးတာကြောင့် ကျောက် ခင်း လို့ရမှာ မဟုတ်ကြောင်း ရေမြောင်းဖောက်လုပ်မှုအတွက် တာဝန်မရှိကြောင်း Alpha – Omega Company က ငြင်းဆို ထား သည်ဟုလည်း ဆိုသည်။

” အစိုးရ အပေါ် ကျေးဇူးတင်ပေမဲ့၊ ကားလမ်းအရည်အချင်းက ဟားခါး – ထန်တလန်အကြားဖောက် လုပ်နေတဲ့ကား လမ်းနဲ့ တော့ မိုးနဲ့မြေလိုကွာတယ်၊ အချိန်မှီလည်း မပြီးနိုင်ကြဘူး” ဟု ဒေသခံတဦးက ပြောသည်။

ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu LalMaungCung ကလည်း ချင်းပြည်နယ်အတွင်း ကား လမ်း ဖောက်လုပ်မှုများအနက် အညံ့ဆုံးကားလမ်းဖြစ်မည်ဟု ဝေဖန်သွားကြောင်းလည်း ပြောကြသည်။

Alpha – Omega Company သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ထန်တလန်မြို့နယ် Hmunhal ကျေးရွာ အ တွက် သိန်း ၁၅၀ တန်ဖိုးရှိ ရေပိုက်သွယ်ယူရေးကို ကန်ထရိုက်ယူထားသော်လည်း ရေပိုက်သာ ၀ယ်ယူပြီး လုပ်ငန်း အ ကောင်အထည်ဖော်မှုမရှိသေးကြောင်း သိရသည်။

ဟားခါးမြို့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရုံးတာဝန်ရှိတဦးက Alpha – Omega Company သည် ရေပိုက်အတွက် ချပေး သည့် ငွေ အားလုံး ထုတ်ယူသွားသည့် အပြင် ၈၀ ရာခိုင်နှုန်းလုပ်ငန်းပြီးစီးမှုပြသည်ဟု ဆိုသည်။

No comments: