ဂျွန်ချစ်ငြိမ်း
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ သဇင်လမ်း နယ်မြေ (၁)ရှိ B1 အိမ်ယာတွင် မတ်လ ၃၁ ရက် နံနက် ၁၀ နာရီ ၅ မိနစ်က တရုတ်နိုင်ငံထုတ် လျှပ်စစ်ရေနွေး အိုးဖြင့် ရေနွေးအိုးကျိုစဉ် မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်ပွားပုံမှာ အဆိုပါအိမ်ယာ အခန်းအမှတ် BG-3 တွင် တရုတ်ဖြစ်လျှပ်စစ်ရေနွေးအိုးအား ပလတ်စတစ် ထိုင်ခုံပေါ်တွင်တင်၍ တည်ထားစဉ် မေ့လျော့သွားသည့် အတွက် ရေနွေးခွက် အရည်ပျော်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။ ရေနွေးအိုး ရေခမ်းပြီးလျှပ်စစ်လျှော့ဖြစ် လောင်ကျွမ်းတာပါ” ဟု ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်သူက မဇ္ဈိမ ကို ပြောသည်။
မီးလန့်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ် (၄) စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် (၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦး ၊ အရံမီးသတ်တပ်ဖွဲ့ဝင်၂၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များ အချိန်မီရောက်ရှိ ငြိမ်းသတ်နိုင်ခဲ့သည့်အတွက် မီးစတင်လောင်ကျွမ်းချိန် ၅ မိနစ်သာကြာမြင့်သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကျပ် ၅၀၀၀ ထုတ်ပြန်ထားပြီး မီးလန့်မှု ဖြစ်ပွားခဲ့သည့် အိမ်ရာပိုင်ရှင် ဦးစိုင်းဝဏ္ဍညိုအား တောင်ကြီးမြို့ ၊မြို့မ ရဲစခန်းမှ (ပ) ၉၁/ ၂၀၁၄ ၊ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment