ကေဇူး
စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို သုံးနာရီလျှော့ချလိုက်ပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီ သုံးလအတွင်း တစ်လတစ်ကြိမ်ခန့် ညမထွက်ရအမိန့် အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
မတ် ၂၆ နှင့် ၂၇ က အန်ဂျီအိုရုံးများကို အုပ်စုဖွဲ့၍ ဖျက်ဆီးမှုများကြောင့် စစ်တွေမြို့တွင် ညမထွက်ရအမိန့်ကို ည ၆ နာရီမှ မနက် ၆ နာရီ အထိ တိုးမြှင့်ထုတ်ပြန်ခဲ့ပြီး ဧပြီ ၇ ရက်တွင် ပြန်လည်လျှော့ချလိုက်သည်ဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေး မှူး ဦးတင်မြင့်ကပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်က ၅ နာရီ လျှော့ချပေးခဲ့ပြီး၊ မတ် လ ၂၇ ရက်တွင် ညမထွက်ရအမိန့်ကို ည ၆ နာရီမှ မနက် ၆ နာရီအထိ တိုးမြှင့်လိုက်ကာ ဧပြီ ၇ ရက်တွင် ထပ်မံလျှော့ချခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့ရှိ လူစုလူဝေးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် ကို မတ်လ ၂၇ ရက် ညနေပိုင်း မှ စတင် တင်းကျပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ကာလတွင် ထိုသို့လျှော့ချထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
“၆ နာရီထိ တိုးမြှင့်လိုက်တာက လတ်တလော တင်းမာနေတဲ့ အခြေအနေမှာ ညမှောင်ရင်လူစုခွဲဖို့ခက်တာ ကြောင့် ည မထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာ။ အခု ပြန်လည်ငြိမ်သက်နေပြီ ဆိုတော့ ပြန်ရုတ်သိမ်း တာဖြစ်ပါတယ်” ဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က မဇ္ဈိမကို ပြောသည်။
စစ်တွေမြို့ရှိ မာတေဇာ (Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦးက သာသနအလံကို မဖွယ်မရာ လုပ်သည်ဟုဆိုကာ မတ် ၂၆ ရက်တွင် အန်ဂျီအိုရုံးများကို ခဲဖြင့်ပေါက်မှုများပြု လုပ်ခဲ့ပြီး ဒေသခံ လုံခြုံရေးအဖွဲ့ဝင်များက သေနတ်ပစ်ဖောက်လူစုခွဲခဲ့သည်။
သို့သော် မတ် ၂၇ ရက်တွင် ထပ်မံလူစုလူဝေးများဖြစ်ပေါ်လာဖြင့် ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။ စစ်တွေရပ်မိရပ်ဖ ဦးသန်းထွန်းက“ညမထွက်ရအမိန့်တွေ ခဏခဏထုတ်နေတဲ့အတွက် အလုပ်အကိုင် အနှောင့်အယှက်ဖြစ်တယ်” ဟု မဇ္ဈိမကိုပြောသည်။
စစ်တွေမြို့တွင်ဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် အန်ဂျီအိုရုံး၁၀ ရုံးခန့်ပျက်စီးခဲ့ပြီး စစ်တွေမှ အန်ဂျီအို ၀န်ထမ်းများကို ရန်ကုန်သို့ ကယ်ထုတ်ခဲ့ ရသည်။ အဆိုပါဖြစ်စဉ်ကို ရခိုင်ပြည်နယ် ပဋိပက်္ခဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး တတိယမြောက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ် သည့် စစ်တွေ စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့စည်း၍ စစ်ဆေးခဲ့သည်။
No comments:
Post a Comment