ဖနိဒါ
နယ်စပ်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု ထိုင်းမြန်မာနယ်စပ် မဲဆောက်ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောသည်။
အစိုးရကျန်းမာရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု ကျန်းမာရေးအဖွဲ့အစည်းတို့ မတ်လ ၃၁ ရက်မှ ဧပြီလ ၁ ရက်ထိ နှစ်ရက်ကြာ ဆွေးနွေးခဲ့သည့် “ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖ လှယ်ပွဲ”တွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“နယ်စပ်ဒေသ ကျန်းမာရေးလုပ်ငန်းတွေ ဖော်ဆောင်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်လေး စားမှု၊ ပူးပေါင်းဆောင်ရွက်မှုရဖို့ ဆက်လက် ထိတွေ့ဆက်ဆံကြဖို့နဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေအပြင်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် ကျန်းမာရေးမူဝါဒတွေရေးဆွဲဖို့ ပူး ပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ သဘောတူညီချက်တွေ ရပါတယ်”ဟု ပါဝင်ဆွေးနွေးခဲ့သည့် ဒေါက်တာစင်သီ ယာမောင်က ပြောသည်။
ယင်းအပြင် ပဋိပက္ခဖြစ်ပွားနေသောဒေသနှင့် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်နေသော တိုင်းရင်းသားလူမျိုးစု ကျန်းမာရေး အဖွဲ့အစည်းများအား အစိုးရက တရားဝင် အသိအမှတ်ပြုရန် ထိုနှီးနှောဖလှယ်ပွဲအပြီး ဧပြီလ ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးမှုများတွင် အထောက်အကူဖြစ်စေပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမည်ဟု သတင်းထုတ်ပြန်ချက်တွင် ထည့် သွင်းဖော်ပြထားသည်။
“နယ်စပ်တစ်လျှောက် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်း၊ ကျန်းမာရေး culture ရှိနေပြီးသားဆိုတော့ တကယ်လို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စုစနစ်ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကျန်းမာ ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ခုလောလောဆယ် ဘာတွေပူးပေါင်းနိုင်မလဲ။ တစ်မျိုးသားလုံးဆိုင်ရာ ကျန်း မာရေးမူဝါဒတစ်ခု ထွက်လာအောင် ကြိုးစားချင်တယ်ဆိုတာ အများအားဖြင့် ဆွေးနွေးသွားတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်၊ ရှမ်း၊ ကရင်နီနှင့် မွန် စသည့် တိုင်းရင်းသားလူမျိုးစု ကျန်းမာရေးအဖွဲ့အ စည်းများ၊ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးကွန်ရက် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မယ်တော်ဆေးခန်း၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့များအပါအ၀င် လူထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ စုစု ပေါင်း ၉၇ ဦး တက်ရောက်ခဲ့သည်။
No comments:
Post a Comment