ဇော်ဇော်ထွေး
အင်းစိန်မြို့နယ်၊ ခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသည့် ခင်ပွန်းဖြစ်သူထံ မူးယစ် ဆေးဝါးများပေးဖို့ကြံစည်လုပ်ဆောင်သည့် အမျိုးသမီးကို ဧပြီ ၂ ရက်က ဖမ်းဆီးလိုက်ပြီး အမှုဖွင့်စစ်ဆေး နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းနေ့ နံနက် ၉ နာရီက မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြစ်မှုကြီးအမှတ် (၁၄၁ /၂၀၁၃) မူးယစ်ဆေး ၀ါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အမှုမှ တရားခံ မျိုးကြည်(၄၅)နှစ်ထံ မူးယစ်ဆေးဝါးပေးရန် ကြံစည်လုပ်ဆောင်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တရားခံထံသို့ လာရောက်ဧည့်တွေ့ သည့် ဇနီးဖြစ်သူ မဌေး(ခ) မတင်ဌေးအား ရှာဖွေရာဝတ်ဆင်ထားသည့် ဆင်စွယ်ရောင်မိန်းမ၀တ် အတွင်းခံစကတ်၏၀ဲဘက် နောက်အိတ်အတွင်း ၀ှက်ယူလာသည့်မသင်္ကာ စရာ အမှုန့်များကို ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အမှုန့်ထုပ်မှာ (၈ ဒသမ ၁၆၄ ၆၆)ဂရမ်ရှိ ပန်းရောင်အမှုန့်များဖြစ်ပြီး မူးယစ်ဆေးဝါးဟု ယူဆရ သည်ဟု ဆိုသည်။
ယင်းတွေ့ရှိမှုကြောင့် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ မဌေး (ခ)မတင်ဌေး (၄၇)နှစ်၊ တိုက်ကြီးမြို့နယ် နေသူအား အရေးယူပေးရန် ရဲအုပ်ရန်နိုင်က တရားလို ပြုလုပ်တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက မယ(ပ)၄/၂၀၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ပြစ်မှုမှန်ကန်ပါက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူသွားမည်ဟု ဆိုထားသည်။
No comments:
Post a Comment