မျိုးသန့််
ကာလတန်ဖိုး ကျပ်သိန်းတစ်သောင်းခန့် ဆူဒိုအက်ဆေးပြားခေါ် စိတ်ကြွဆေး ပြား၊ အလုံးရှစ်သန်းကျော်ကို မန်္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး ပျော်ဘွယ် အနောက်ရပ်ကွက်၊ အကွက်(၂၆၅)လမ်း၊ ၉၀နှင့် ၃၂ ထ ၃၃လမ်းကြား နေအိမ် တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲ တပ်ဖွဲ့မှူးရုံးက ဧပြီ၂၀ရက်တွင် သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ယင်းဆေးပြားများကို သင်္ကြန်ကာလအတွင်း အရောင်းအ၀ယ် ပြုလုပ်ရန် ခုနစ်လခန့် ကြိုတင် စုဆောင်း ထားခြင်းဖြစ်ပြီး ဧပြီ၁၇ရက်တွင် ဖမ်းဆီး နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းတို့ကို အိနိ္ဒယနိုင်ငံ၊ မိုရေးမြို့မှ အဆင့်ဆင့် လက်လွှဲဝယ်ယူစုဆောင်းထားခြင်းဟု ထုတ်ပြန် ချက်က ဆိုသည်။
မူလသတင်းရရှိ သူ၏ အဆိုအရ အောင် မြေသာစံမြို့နယ်၊ သီရိမာလာ ရှေ့ရပ်ကွက် ၂၃လမ်းနှင့် ၂၄ လမ်း ကြား၊ ၈၈လမ်းနှင့် ၈၉ လမ်းကြား တိုက်(၁)၊ အခန်း ၅၊ နေဆန် သီးဗဟာဒူး(ခ)မျိုး အောင်နှင့် ဇနီးဖြစ်သူ တို့ နေအိမ်သို့ဝင်ရောက် ရှာဖွေခဲ့သေးသော်လည်း ဖမ်းဆီးရမိခဲ့ခြင်းမရှိပေ။
သတင်းရရှိသူ၏ ယာဉ်မောင်းနေထိုင်သည့် နေအိမ်ခြံဝင်းအတွင်းသို့ ရှာဖွေရာတွင်မူ အဆိုပါဆေးပြားများ အပြင် တစ်ဆင့်ခံရောင်းချသူဖြစ်သူ မထွားမီကိုလည်း တစ်ပါးတည်းဖမ်းဆီးမိခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါဖြစ်စဉ်တွင် ဆန်သီးဗဟာဒူး အပါအ၀င်(၉)ဦးအား မူးယစ်မှုများဖြင့် အမှုဖွင့်အရေးယူထားပြီး နောက်ဆက်တွဲ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးက ပြောသည်။
No comments:
Post a Comment