Wednesday, April 9, 2014

ညီအတွက် ကလဲ့စားချေကာ အစ်ကိုက ဓားဖြင့်ခုတ်သတ်

ရေခဲ(ပြည်)

ညီဖြစ်သူကို ရဲဒင်းဖြင့်ခုတ်သူကို အစ်ကိုဖြစ်သူမှ ဓားဖြင့်ပြန်ခုတ်မှုတစ်ခု ပဲခူးတိုင်း၊ပြည်မြို့အမှတ်(၃)ရဲစခန်း က အမှုဖွင့် စစ်ဆေးနေသည်ဟု စခန်းမှူးဦးစိုးလှိုင်ဦးက ဧပြီ ၆ ရက်တွင် ပြောသည်။

“ခုတ်တာကနှစ်ချက် တစ်နေရာတည်း ကျတယ်။ ညာမေးရိုးအောက်နားက လည်ပင်းရိုးအထိ ပါသွားတယ်။ အခုသေတဲ့လူက သတ်တဲ့ကောင်ရဲ့ညီကို လွန်ခဲ့တဲ့ရက်နှစ် ဆယ်လောက်က လုပ်ထားတယ်” ဟု ဦးစိုး လှိုင်ဦးက ဆိုသည်။

ပြည်မြို့နယ် ကင်ပွန်းချုံကျေးရွာတွင် လွန်ခဲ့သည့် ရက်နှစ်ဆယ်ခန့်က အောင်ဇော်ဇော်ဆိုသူသည် တစ်ရွာ တည်းနေ သက်မောင်မောင်ကို ရဲဒင်းဖြင့် ခုတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့နောက် ဧပြီ ၅ ရက် နေ့လယ် ၁၂ နာရီတွင် သက်မောင်မောင်၏ အစ်ကို သက်လွင်ဦးသည် အောင်ဇော်ဇော်ကို အသင့်ပါလာသည့် ဓားဖြင့် သုံးချက် ခုတ်ခဲ့ရာ လည်ပင်းတွင် ဓားချက် ထိကာ လဲကျသည်ဟု သက်သေစစ်ချက်များအရ ရဲ စခန်းက ရရှိထားသည်။

သံသယရှိသူကို သစ်တောကြိုးဝိုင်းအနီး သီဟိုဠ်ခြံမှ သက်သေခံ ဓားရှည်နှင့်အတူ မတ်လ ၆ရက် နံနက် ၁၀ နာရီခွဲက ဖမ်းဆီးမိခဲ့ပြီး ပြည်မြို့ အမှတ်(၃)ရဲစခန်း တွင် သက်လွင်ဦးကို ပြစ်မှုဆိုင်ရာ အမှုဖွင့် စစ်ဆေးနေသည်။

No comments: