ဇော်ဇော်ထွေး
စိတ်ကြွမူးယစ်ဆေးပြားများနှင့် ဆေးခြောက်များကို သာကေတမြို့နယ်၊ ၃/ ရန်ပြေရပ်ကွက်ရှိ နေအိမ်တစ်ခုမှ မတ်လ ၂၆ ရက်က ဖမ်းဆီးရမိလိုက်သည်။
နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ အမှတ် (၂၂/က) ရှိ ရဲဝင်း(ခ)ချီးပေ (၄၄)၏ နေအိမ်ကို မွန်းလွဲ ၂ နာရီက မူးယစ်ရှာဖွေဝရမ်းဖြင့် ၀င်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ရှာဖွေရာတွင် ကြိုတင်သတင်း ရရှိထားသည့် ရဲဝင်း(ခ) ချီးပေကို နေအိမ်အတွင်း အသင့်တွေ့ရှိ ခဲ့ပြီး နေအိမ်နောက်ဖေး တံခါးမကြီးဘောင်တွင် ချိတ်ဆွဲထားသည့် အိတ်အတွင်းမှ ဆေးခြောက်ဟု ယူ ဆရသည့် အရွက်ခြောက် ၂၁ ကျပ်သားကို တွေ့ရှိခဲ့သည်။
ထို့ပြင် သံဘူးအတွင်းမှ WY စာတန်းပါ နီညိုရောင်စိတ်ကြွဆေးပြား ၅၀ ပြားကို တွေ့ရှိ သိမ်ဆည်းနိုင်ခဲ့ သည်ဟု ဆိုသည်။
ထို့ကြောင့် စုစုပေါင်း ငွေကျပ် ငါးသိန်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိမှုဖြင့် ရဲဝင်း (ခ) ချီးပေအား အရေးယူပေးရန် ဒု-ရဲအုပ် အောင်ဇော်ဝင်းက တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။
ယင်းတိုင်တန်းမှုကို သာကေတရဲစခန်း က (ပ)၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)ဖြင့် တရားစွဲတင်သွားမည်ဟု ဆိုထားသည်။
No comments:
Post a Comment