ABC
မနေ့က ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ နာယကကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဈာပနကို အလွှာအသီးသီးက လူပေါင်း သောင်းနဲ့ချီ သွားရောက်ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအဖွဲ့ဝင်တွေ ၈၈ မျိုးဆက်များ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ အနုပညာရှင်တွေ၊ စာပေလောက ပုဂ္ဂိုလ်တွေအပြင် အလွှာအသီးသီးက ပြည်သူတွေဟာ လွမ်းသူ့ပန်းခွေ အမြောက်အများနဲ့ သွားရောက် ပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆရာကြီး ဦးဝင်းတင်ဟာ ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဆရာကြီးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သလို သတင်းစာလောကရဲ့ ထူးခြားတဲ့ သတင်းစာဆရာကြီး တစ်ဦးလည်း ဖြစ်ပါတယ်။
ဆရာကြီးဟာ စစ်အစိုးရ လက်ထက်အတွင်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီး ထောင်ထဲမှာ ၁၉ နှစ်နေခဲ့ရသူဖြစ်ပါတယ်။ ဆရာကြီး ကွယ်လွန်ချိန်မှာ အသက် ၈၅နှစ်ရှိပြီဖြစ်ပါတယ်။

No comments:
Post a Comment