ရေခဲ(ပြည်)
အစိုးရပိုင်စက်ရုံတစ်ခုဖြစ်သည့် ရွှေတောင်ချည်မျှင်နှင့် အထည်စက်ရုံမှ မန်နေဂျာတစ်ဦးက လက်အောက် ၀န်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) ထံတိုင် တန်းသွားမည်ဟု ပါးရိုက်ခံရသူ ၀န်ထမ်းက ဧပြီ၂၃ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အိုင်အယ်လ်အိုကို တိုင်တန်းဖို့ ကြိုးစားနေပါတယ်။ နောက်လူတွေလည်း အစဉ်အလာဆက်ဖြစ်နေမှာစိုး လို့ ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်။ ယောက်ျားချင်း ပါးရိုက်ခံရတာ သိက္ခာကျတယ်”ဟု ပါးရိုက်ခံ ရသူ ကိုသိန်းသန်းမိုးက ပြောသည်။
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ချည်မျှင်နှင့်အထည် စက်ရုံစက်မှုရေသန့်ဌာနမှ မန်နေဂျာ ဦးမြင့်ဦးသည် ၎င်း ၏လက်အောက်ဝန်ထမ်း စက်မှုကျွမ်းကျင်(၃) အဆင့်ရှိ ကိုသိန်းသန်းမိုးကို နှစ်သစ်ကူးရုံးပိတ်ရက် ဖြစ် သည့် ဧပြီ၂၁ရက်က လက်ဖြင့် တစ်ချက်၊ ဖိနပ်ဖြင့် တစ်ချက်ပါးရိုက်ခဲ့သည်ဟု ဆိုသည်။
ဖြစ်စဉ်မှာ ထိုနေ့မနက် ၉နာရီချိန်က ချည်မျှင်ရေ သန့်ဌာနတွင် ကိုသိန်းသန်းမိုး တစ်ဦးတည်းရှိနေစဉ် မန်နေဂျာဦးမြင့်ဦးသည် အလုပ်ရုံစိတ်မှူးဦးသိန်းဇော် နှင့်အတူ ရောက်ရှိလာပြီး ဆူပူကြိမ်းမောင်းခဲ့ကြောင်း ကို သိန်းသန်းမိုးက ပြောသည်။
“ဂျူတီသမားတွေမေးတော့ တစ်ယောက်က ခဏထမင်းစားပြန်သွားတယ် ပြောလိုက်တယ်။ အရာရှိက ထမင်းစား ပြန်ပြန်နိုင်လွန်းတယ်ဆိုပြီး ဆူပူကြိမ်းမောင်းတယ်ရှိတဲ့လူကိုပဲ ဘာလို့ဆူရသလဲလို့ မေးလိုက် တော့ ဒေါသထွက်ပြီး စတီးခွက်နဲ့ ကောက်ပေါက်တယ်”ဟု ၎င်းက ဆိုသည်။
၎င်းမှဆက်လက်၍ “ပေါက်တာကို မရှောင်ဘဲ ပြေလည်ရာ ပြေလည်ကြောင်း ပြောတော့၊ ငယ်ထိပ်က ဆံပင်ကိုဆွဲပြီး ၀ဲဘက်ပါးနားအုံကို လှမ်းရိုက်တယ်။ ရိုက်တဲ့အချိန် အကျိုးသင့်အကြောင်းသင့် ရှင်းပြတော့ လည်း လက်မခံဘူး။ ရေနွေးအိုးနဲ့ ထပ်ပေါက်ဖို့ လုပ်တယ်။ ဒေါသမထွက်ဘဲ ရေနွေးအိုးနဲ့ ပေါက်လည်း ခံလိုက်မယ်ဆိုပြီး နေသေးတယ်။ ရေနွေးအိုးနဲ့ မပေါက်ဘဲ သူစီးထားတဲ့ ဖိနပ်ချွတ်ပြီး ၀ဲဘက်နားအုံကို ထပ်ရိုက်တယ်”ဟု ပြောသည်။
ထိုအချိန်တွင် မန်နေဂျာဦးမြင့်ဦးအား အလုပ်ရုံ စိတ်မှူးဦးသိန်းဇော်က ဆွဲခေါ်ကာ ၀င်ရောက် ထိန်းသိမ်းခဲ့ သည်ဟု ဆိုသည်။ ပါးရိုက်ခံရမှုနှင့်ပတ်သက်ပြီး ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီ ခန့်တွင် စက်ရုံမှူး ဒေါ်ခင် မျိုးသွင်ကို သွားရောက်တွေ့ဆုံပြီး တိုင်တန်းခဲ့ရာတွင် စက်ရုံမှူးက ပြေလည်အောင်ညှို နှိုင်းရန်နှင့် သတိ ပေးရုံသာ အရေးယူမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ကိုသိန်းသန်းမိုးက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပါးရိုက်သူဟုဆိုသည့် မန်နေဂျာ ဦးမြင့်ဦးအား မဇ္ဈိမက ဆက်သွယ်မေး မြန်းရာ စက်ရုံစည်းကမ်းနှင့်ပတ်သက်ပြီး ပြောဆိုဆုံးမ ရာမှ ဒေါသအလျောက် ပါးရိုက်ခဲ့မိကြောင်း ၀န်ခံပြော ကြားသည်။
စက်ရုံက မကြာခင် ကုမ္ပဏီကို လွှဲတော့မယ်။ ၀န်ထမ်းတွေ စည်းမဲ့ကမ်းမဲ့ဖြစ်နေရင် ကုမ္ပဏီနဲ့ဆို ပြဿနာဖြစ် နိုင်တယ်။ ၀န်ထမ်းအချင်းချင်းက နားလည်မှုရှိကြတာပေါ့။ စည်းကမ်းနဲ့ပတ်သက်ပြီး ပြောနေရင်းနဲ့ ကွန်ပလိန်းတက်လာလို့ ဖြစ်သွားတာ”ဟု မန်နေဂျာ ဦးမြင့်ဦးက ဆိုသည်။
ပါးရိုက်ခဲ့မိသည့်အတွက် တပည့်ဖြစ်သူ စက်မှု ကျွမ်းကျင်(၃) ကိုသိန်းသန်းမိုးအား တောင်းပန်စကား ပြောထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
No comments:
Post a Comment