Sunday, April 6, 2014

ခွင့်ပြုချက်မရဘဲ ချောင်းဦးဒေသခံတို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြ

အောင်ကိုဦး

အာဏာပိုင်တို့၏ ခွင့်ပြုချက်မရဘဲ မုံရွာခရိုင် ချောင်းဦးမြို့တွင် အခြေခံဥပဒေပြင်ဆင်ပေးရန် ဒေသခံ ၂၀၀ခန့် က ဧပြီလ ၄ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဒေသခံတို့က ချောင်းဦး မြို့မဘောလုံးကွင်းမှစတင်ပြီး မြို့တစ်ပတ်လှည့်လည်ကာ “၂၀၀၈ အခြေခံဥပဒေပြင်ဆ င်ရေး၊ နိုင်ငံသားအခွင့်အရေးတန်းတူရေးနှင့် ပုဒ်မ ၅၉(စ)(ဃ) ပြင်ဆင်ရေး ဒို့အရေး” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

ယခုကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကြည်က “ခွင့်ပြုမိန့်ရဖို့ အယူခံဝင်ရမယ်။ တားတာကို ဆက်ထွက်ရင်တော့ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ” ဟု မဇ္ဈိမ ကိုပြောသည်။

ယခုကဲ့သို့ ဆန္ဒပြရန် မတ်လ ၃၀ ရက်က တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။

No comments: