Wednesday, April 2, 2014

ဒုတိယဦးစီးမှူးအိမ် သူခိုး ခိုးခံရဟုဆို

ဇော်ဇော်ထွေး

တိုင်းအဆင့် အထွေထွေအုပ်ချုပ်ရေးမှ ဒုတိယဦးစီးမှူးအိမ်သူခိုးဝင်ခိုးခံရသဖြင့် အမှုဖွင့် တိုင်တန်းမှုတစ်ခုကို မတ်လ ၂၉ တွင် စုံစမ်းဖော်ထုတ်နေသည်ဟု ရန်ုကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (အ ၂၉)နေတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ် ဦးစီးဌာနမှ ဒု-ဦးစီးမှူးဖြစ်သူ ဦးထူးဇော်အောင် (၂၇)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ တိုင်တန်းသူသည် ည ၁၂ နာရီ ၁၅ တွင် အိမ်ရာဝင်ခဲ့ပြီး နံနက် ၄ နာရီခွဲအချိန် တစ်ရေးနိုးစဉ်တွင် နေအိမ်တံခါးမကြီးနှင့် အပေါ်ထပ်ရှိ အိပ်ခန်းပြတင်းပေါက်တံခါး ပွင့်နေသည်ကို တွေ့ရှိရသဖြင့် နေအိမ်နှင့် ခြံဝင်းအတွင်းသို့ လိုက်လံစစ်ဆေးခဲ့ရာ ခြံဝင်းအတွင်း သိမ်းဆည်းထားသည့် ကျပ်၁၅သိန်းတန် လိုင်စင်ရှိ ၁၂၅ ဆိုင်ကယ်တစ်စီး၊ ဆင်းကတ်ပါ နှစ်သိန်းခွဲတန် ဟန်းဆက်တစ်လုံး၊ စားပွဲအံဆွဲ အတွင်းမှ ငွေစက္ကူ ရော ရာ ကိုးသောင်းကျပ်၊ အားသွင်းထားသည့် ကျပ်ငါးသိန်းတန် အိုင်ဖုန်းတစ်လုံးတို့မှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးသိရှိရသည်ဟု ရဲစစ်ဆေးချက်တွင် ထွက်ဆိုထားသည်။

အဆိုပါ ပစ္စည်းများပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ခိုးယူသူကို စုံစမ်းဖော်ထုတ်ပေးရန် အမှုဖွင့် တိုင်တန်းလိုက် သဖြင့် တွံတေးရဲစခန်းက (ပ)၁၀၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အရေးယူရန် စုံစမ်းဆောင် ရွက်လျက်ရှိသည်။

No comments: