Monday, April 21, 2014

ဦးဝင်းတင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖွဲ့ချုပ်နှင့် ယုဒသန်တွင် ပြုလုပ်မည်

Mizzima

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မှတ်တမ်းရေးနိုင်ရန် ရွှေဂုံတိုင်ရှိ NLDအဖွဲ့ချုပ် ရုံးနှင့် ပြည်လမ်းရှိ ယုဒသန်ခန်းမတွင် စီစဉ်ထားသည်။

ယင်းအပြင် ဦးဝင်းတင် ကွယ်လွန်ခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတိုင်းတွင် ယနေ့ (ဧပြီ ၂၁ရက်) နံနက်မှစ၍ ဧပြီလ ၂၃ရက် ညနေ ၆နာရီအထိ အဖွဲ့ချုပ်အလံကို တစ်ဝက်ချထားမည်ဖြစ်သည်။

ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုဿန် အအေးခန်းတွင် ထားရှိမည်ဖြစ်ပြီး ဧပြီ ၂၃ရက် ညနေ ၅နာရီတွင် မီးသင်္ဂြိုလ်မည်ဖြစ်ပြီး ထိုနေ့ နေ့လည် ၁၂နာရီမှစကာ အသုဘရှု ဂါရဝပြုပွဲ အခမ်းအနား ကျင်းပမည်ဖြစ်သည်။

ဦးဝင်းတင်၏ ဈာပနအခမ်းအနားကို အဖွဲ့ချုပ်၏ သဘာပတိအဖွဲ့နာယက ဦးတင်ဦးက ဦးဆောင်မည်ဖြစ်သည်။

No comments: