ဖိုးစိုးသူ
တမူးမြို့နယ် နန့်ဖာလုံနယ်မြေဈေးအနီး မြို့မ ၁၃ရပ်ကွက်တွင် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးကို ဧပြီလ ၇ရက် နံနက် ၁၁နာရီခန့်က တွေ့ရှိခဲ့သည်ဟု တမူးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က မဇ္ဈိမကိုပြောသည်။
အဆိုပါလက်ပစ်ဗုံးသည် စနတ်တံဖြုတ်ကာ ပစ်ထားခဲ့သော ဗုံးဖြစ်ပြီး ပေါက်ကွဲမှုမဖြစ်မီ စစ်တပ်မှ စစ်ရေးကျွမ်းသူများက ထိန်းချူပ်ထားနိုင်ခဲ့သည်။ ထိုလက်ပစ်ဗုံးကို နယ်လှည့်ကင်းအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ၉၁ အမျိုးအစားဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။
" ပစ်သွားတဲ့ဗုံးကို ဘယ်အဖွဲ့အစည်းတွေကလဲဆိုတာ စုံစမ်းနေတယ်။ လက်ရှိလုံးခြုံရေးကိုတော့ ၂၄ နာရီ တာဝန်ယူထားပြီး ဆောင်ရွက်နေတယ်။ လုံခြုံရေးအင်အား ဘယ်လောက် တာဝန်ယူပေးနေတယ် ဆိုတာပြောလို့မရဘူး"ဟု တမူးမြို့နယ် ရဲစခန်းမှ တပ်ကြပ်ကြီး ဦးသိန်းဦးက ပြောသည်။
တွေ့ရှိထားသည့်လက်ပစ်ဗုံးကို တမှုးခရိုင် အမှတ် (၃၄၇ )တပ်ရင်းက ထိန်းသိမ်းထားပြီး တရားခံဖမ်းမိနိုင်ရန် စုံးစမ်းစစ်ဆေးနေဆဲဟု တပ်ကြပ်ကြီးကဆိုသည်။
တမူးမြို့နယ်တွင် ၂၀၁၃ခုနှစ်ကလည်း ဗုံးတစ်လုံး တွေ့ခဲ့ပြီး အဆိုပါဗုံးကို ကလေးငယ်နှစ်ဦးက ဆော့ကစားမိရာမှ ပေါက်ကွဲခဲ့ပြီး တစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည်ဟု တမူးလူငယ်များကွန်ယက် အဖွဲ့ဝင် ကိုရင်ဦးကိုက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
No comments:
Post a Comment