Wednesday, April 23, 2014

ကုန်တင်ယာဉ်ကို ထော်လာဂျီဖြင့် ဆွဲနှိုးရာမှ ကြားညှပ်သေဆုံး

ဇော်ဇော်ထွေး

တိုက်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး ယာဉ်နှစ်စီးကြား ညှပ်တိုက်မိသဖြင့် ဧပြီ ၁၉ ရက် နံနက် ၈ နာရီခန့် က ပွဲချင်းပြီး သေဆုံးခဲ့မှုကို မြို့နယ်ရဲစခန်းက ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်လိုက်သည်။

အဆိုပါ ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ ဦးလှဝင်းနေ၏ နေအိမ်ရှေ့တွင် နံနက် ၇နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် FAW အမျိုးအစား အပြာရောင်ကုန်တင်ယာဉ်မှာ စက်နှိုးမရသဖြင့် ထော်လာဂျီအပြာရောင် ယာဉ်တစ်စီးဖြင့် ဆွဲပြီးနှိုးရန် စီစဉ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် FAW ယာဉ်မောင်းဖြစ်သူ ချစ်ကို (၂၅)နှစ်က ကားနှစ်စီးအတွင်း သံကြိုးချိတ်နေစဉ် ထော်လာ ဂျီယာဉ်မောင်းဖြစ်သူ သားထွေး (၃၀)နှစ်က ယာဉ်ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရာမှ အရှိန်လွန်ပြီးချစ်ကို အား ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ချစ်ကိုမှာ ယာဉ်နှစ်စီးကြား ညပ်မိကာ ၀ဲမျက်လုံးထွက်၊ ဦးခေါင်းကွဲကြေ၊ ဦးနှောက်ထွက်၊ အပေါ်အောက် သွားများကျိုးပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းဖြစ်စဉ်တွင် ထော်လာဂျီ ယာဉ်မောင်းကို တိုက်ကြီးမြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄ က/၂၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဟု ဆိုထားသည်။

No comments: