မျိုးသန့်
မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ လက်ရှိ ခုတင် ၁,၀၀၀ ဆံ့ ဆေးရုံဖြစ်သဖြင့် လူနာပိုမိုထားရှိ ကုသပေးနိုင်ရန် ခုတင် ၁,၅၀၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့ရန် ကျန်းမာရေးဝန်ကြီးဌာနထံ တင်ပြထားကြောင်း အဆိုပါဆေးရုံမှ ဆေးနှင့်လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ဧပြီလ ၁ ရက်၌ မဇ္ဈိမကို ပြောသည်။
“လက်ရှိ ခုတင် ၁,၀၀၀ ဆံ့ဆေးရုံမှာ လူနာအယောက် ၁,၂၀၀ ၀န်းကျင် ကုသပေးနိုင်ပါတယ်။ အဲဒီပမာ ဏထက်ပိုပြီး ကုသပေးနိုင်ဖို့အတွက် ခုတင် ၁,၅၀၀ ဆံ့ဆေးရုံအဖြစ်တိုးချဲ့ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန ကို တင်ပြထားပါတယ်”ဟု ဦးမင်းလွင်က ပြောသည်။
မန္တလေးတိုင်းအတွင်း မန္တလေး ပြည်သူ့ဆေးရုံကြီးကိုသာ အားကိုးနေကြရခြင်း၊ လူဦးရေတိုးတက်မှုနှင့်အ တူ လူနာအရေအတွက်မှာလည်း တိုးမြင့်လာသဖြင့် ကုသမှု ပိုမိုပေးနိုင်ရန် လိုအပ်လာခြင်း၊ ခုတင်အရေ အတွက် တိုးမြင့်ခြင်းနှင့်အတူ ဆေးဝါး၊ ကုသရေးပိုင်းဆိုင်ရာပစ္စည်းများ ယခုထက် ပိုမိုဖြည့်ဆည်းနိုင်ရန် ဘတ်ဂျက်တိုးမြှင့်ချထားပေးရမည်ဖြစ်ခြင်း စသည်တို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနထံ တင်ပြခြင်းဖြစ်သည်ဟု ဆိုသည်။
ကုသရေးပိုင်းအတွက် ယခင် ကင်ဆာကုသစက်အပြင် ကင်ဆာရောဂါကု ဓာတ်ရောင်ခြည်စက် (Linear Accelerator) ဖြင့်လည်း စနေ၊ တနင်္ဂနွေမှ လွဲ၍ အားဖြည့် ကုသပေးလျက်ရှိကြောင်း၊ ပိုမိုကုသပေးနိုင်ရန် ခုတင်ငါးရာပါ ကိုးထပ်အဆောက်အအုံတစ်ခုကိုလည်း တည်ဆောက်လျက်ရှိကြောင်းနှင့် ဆရာဝန်၊ဆရာ မလုပ်အားပေးများ ခေါ်ယူထားရှိသည့်အပြင် ဆရာဝန်ကြီး၊ ဆရာဝန်မကြီး၊ သူနာပြု၊ ဆေးရုံဝန်ထမ်းအင် အား ၂,၀၀၀ ၀န်းကျင်ဖြင့် ကုသမှုပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“မန္တလေးတိုင်းမှာ ကင်ဆာဖြစ်တာများတာကြောင့် ကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုသတဲ့စက်ကိုလည်း ထားရှိပြီး ဖြစ်ပါတယ်။ ထပ်လိုအပ်တဲ့ စက်တွေကိုလည်း ချပေးတဲ့ ဘတ်ဂျက်အလိုက် ၀ယ်ယူသွားဖို့ရှိ တယ်”ဟု ဦးမင်းလွင်က ပြောသည်။
ထို့အပြင် ယခင်က၀ယ်ယူခဲ့သောပစ္စည်းများမှာ နိုင်ငံရွေးချယ်ဝယ်ယူရခြင်းမရှိသောကြောင့် ကောင်း၊မကောင်းကို မဆုံးဖြတ်နိုင်ဘဲ ၀ယ်ယူနေရာမှ ယခုအခါ အမေရိကန်နိုင်ငံ၊ ဂျီအီး(GE)ကုမ္ပဏီမှ ထုတ်လုပ် သော စစ်ဆေးရေးစက်များကိုသာ ၀ယ်ယူဖြည့်တင်းသွားမည်ဟု ဆိုသည်။
No comments:
Post a Comment